၅ဝဝဝ တန်ဖုန်း ထုတ်လုပ်မည်ပာု သတင်းထုတ်ပြန်ထားသော ရွှေပြည်တံခွန် ကုမ္ပဏီက
ဆင်းကဒ်ထုတ် လုပ်ခွင့်ရရှိရေးအတွက် မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူမည့်
ဖုန်းထုတ်လုပ်ခွင့်၊ နိုင်ငံတကာ တင်ဒါခေါ် ယူခြင်းအား ဝင်ရောက်ယှဉ်ပြိုင်မည်
ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများအား လေ့လာလျက်ရှိကြောင်း ထိုတင်ဒါ အောင်မြင် မှုနှင့် ခေါ်ယူချိန် အပေါ်မူတည်၍ ၅ဝဝဝ တန်ဖုန်းထွက်ရှိလာမည်ဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးလွင်နိုင်ဦးကပြောသည်။
“၅ဝဝဝ တန်ဖုန်းထွက်ရှိဖို့ ကျွန်တော်တို့ တင်ဒါဝင်ပြိုင်မှာပါ။ ဒီပုံစံအတိုင်းသွားမယ်ဆို ၂ဝ၁၃ အမှီ ၅ဝဝဝ တန်ဖုန်း ထွက်လာနိုင်ပါတယ်။”ဟု ဦးလွင်နိုင်ဦးက ဆက်လက်ပြောသည်။
အဆိုပါတင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာအတိုင်ပင်ခံအဖွဲ့များ ခေါ်ယူပြီးမှသာ တင်ဒါခေါ် ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ဇူလိုင်လ နောက်ဆုံးအပတ်က မြစ် မခသို့ ပြောကြားမှုအရ သိရှိရသည်။
သို့သော် နိုင်ငံတကာအတိုင်ပင်ခံခေါ်ယူမှုအား သြဂုတ်(၁)ရက်နေ့တွင် အတိုင်ပင်ခံပုဂ္ဂိလ်များအဖွဲ့ ခေါ် ယူမည် ပာုသိရသော်လည်း လက်ရှိအချိန်အထိ အတိုင်ပင်ခံစာရင်းအား ကြေညာခြင်း မရှိသေးကြောင်းကို လည်း သိရသည်။
အဆိုပါရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် ၅ဝဝဝ တန်ဖုန်းထုတ်လုပ်ရန်နည်းပညာမှာ အသင့်ရှိနေပြီး မြန်မာ့ ဆက်သွယ်ရေးမှ ခွင်ပြုမိန့်ကျရန်လိုအပ်သဖြင့် နိုင်ငံတကာတင်ဒါ ဝင်ရောက်ယဉ်ပြိုင် ရခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့ ဒီတင်ဒါမှာအောင်မြင်သွားရန် မြန်မာ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီးသား ဖြစ်မှာပါ'' ပာု ရွှေပြည်တံခွန်က တာဝန်ရှိသူက ဆက်ပြောသည်။
မြန်မာဆက်သွယ်ရေးအနေဖြင့် ဇန်နဝါရီလအတွင်းက ၅ဝဝဝ တန်ဖုန်းထုတ်လုပ်မည့် စီမံကိန်းအား နည်းပ ညာအရ အချိန်များစွာယူရဦးမည်နှင့် ဥပဒေကြောင်းအရ ကိုက်ညီမှုမရှိသည့်အတွက် ၅ဝဝဝ တန်ဖုန်း ကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ကြေညာခဲ့သည်။
အဆိုပါ ၅ဝဝဝ တန်ဖုန်း ထုတ်လုပ်ရန်ကိစ္စနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်းအချို့ဦးဆောင်မှုဖြင့်  လူထုလက်မှတ်များဖြင့် သမ္မတထံမှ ဆင်းကဒ်ထုတ်လုပ်ရန်တောင် ဝိုင်းဝန်းတောင်းဆိုခဲ့ကြောင်း ကိုလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၈၈၄ခုနှစ်မှစတင်၍ တယ်လီဖုန်းဝန်ဆောင်မှုများ စတင်အသုံးပြုခဲ့ရာ အိတ်ချိန်းဌာန ၈၈၇ ခု၊ အော်တိုနှင့် လက်သုံးဖုန်းလိုင်းအင်အား ၇၃၄၂၁၉ လိုင်း၊ မိုက်ခရိုဝေ့စခန်း ၂၂၉ခု၊ မိုက်ခရိုဝေ့ လိုင်းစက်ကြောင်း ၁ဝ၆ ခု ၊မိုက်ခရိုဝေ့ခယ်နယ်ပေါင်း ၅ဝ၂၂ဝ ရှိခဲပြီး ဂြိုလ်တုဆက်သွယ်ရေးမြေပြင်စခန်း ၂ခုနှင့် ဂြိုလ်တုဆက်သွယ်ရေးချယ်နယ် ၆ဝ၃ ခုနှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုချယ်နယ် ၁၇၆၄ ခုအား တပ်ဆင်ပေးခဲ့ပြီး ယခုတင်ဒါခေါ်ယူပြီးပါက ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရမည် ဖြစ်သည်။

Ref: မြစ်မေခ သတင်းဌာန
No comments:
Post a Comment