
၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလအတွင်း X20 မဏ္ဍပ် ဗုံးခွဲမှုမှုဖြင့် စွပ်စွဲ
ခံရပြီးနောက် သေဒဏ် ချမှတ်ခံရပြီး ယနေ့ မွန်းလွဲပိုင်းတွင်
ပြန်လည်လွတ်မြောက်လာသူ ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံ
အမျိုးသားဖျားနာဆောင်မှ အထူးအခပေးအခန်းသို့ ပို့ဆောင်စဉ်
X2O ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ကျူးလွန်သူဟု
ဖမ်းဆီးပြီး သေဒဏ်၊ ထောင် တစ်သက်တစ်ကျွန်းစသည့် ပြစ်ဒဏ်များချမှတ်ခံရသူ
ကိုဖြိုးဝေအောင်သည် သြဂုတ်လ ၃ ရက်နေ့တွင် ပြန် လည်လွတ်မြောက်လာကြောင်း သိရသည်။
''ကျွန်တော်က X2O ရေကစားမဏ္ဍပ်ရှေ့မှာ ဗုံးဖောက်ခဲ့တဲ့သူ မဟုတ်တဲ့အတွက်
တစ်နေ့နေ့တစ်ချိန် ချိန်မှာ ပြန်လွတ်မယ်လို့ခံယူထားပြီးသားပါ။ ကျွန်တော်
နောက်တစ်လ၊ နှစ်လအတွင်းမှာ ဒီကိစ္စနဲ့ပတ် သက်ပြီး သတင်းစာရှင်းလင်းပွဲ
လုပ်သွားမယ်။ ဒါတွေအပြင် ကျွန်တော်ကြုံတွေ့ရတဲ့အပိုင်းတွေမှာ လက်ရှိ
ဥပဒေအပိုင်းကို ပြင်ဆင်ဖို့လိုအပ်တယ်။ ကျွန်တော်မကျူးလွန်ဘူးဆိုတာကို
တရားလိုပြသက်သေတွေ နဲ့ ဖြေရှင်းသွားမယ်။ ဒါတွေအပြင်
အင်းစိန်ထောင်ရဲ့အခြေအနေကို အပြုသဘောဆောင်ပြီး စာတမ်းပြုစု သွားပါမယ်။
သက်ဆိုင်ရာကိုလည်း တင်ပြပေးသွားမယ်။ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်ဖြစ်နေတုန်းက
ကျွန်တော် က ရန်ကင်းစင်တာမှာရှိတဲ့ City Mart မှာ အသေးစားပြင်ဆင်မှု
အလုပ်တွေကို လုပ်နေတာပါ'' ဟု ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက်
ကိုဖြိုးဝေအောင်က ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်၌ အသက် ၃၂ နှစ် အရွယ်ရှိသော ကိုဖြိုးဝေအောင်
အသည်းကင်ဆာဝေဒနာနှင့် ကိုယ်အောက်ပိုင်းသေ ဝေဒနာများကို ခံစားနေရသူဖြစ်ပြီး
အင်းစိန်ထောင်တွင်း ဆေးရုံမှ အင်းစိန်ထောင် သို့ ပြောင်းရွေ့ဆေးကုသမှုခံနေခဲ့ရာမှ ယနေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။
ကိုဖြိုးဝေအောင်ကို ၂၀၁၀ပြည့်နှစ်၊ မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၁၅
ရက်နေ့က ရန်ကုန်မြို့၊ ကန်တော် ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံး
၃လုံး ဆက်တိုက်ပေါက်ကွဲ မှုနှင့် ပတ်သက်၍ ကျူးလွန်သူဟု စွပ်စွဲခဲ့ပြီး
၂၀၁၀ပြည့်နှစ်၊ ဧပြီ လ ၂၃ရက်နေ့တွင် ၎င်းနေထိုင်ရာ ပုဇွန်တောင်မြို့နယ်၊
၅၅လမ်းရှိ နေ အိမ်မှ မေးမြန်းစရာများရှိသည်ဟု ပြောဆိုပြီး သက်ဆိုင်ရာမှ
ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
ထို့နောက် မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ (ပ)၃၂၀/၂၀၁၀ ပုဒ်မ ၃၀၂/၃၂၆/
၁၁၄/၁၀၉ (ပ)၃၂၁/၂၀၁၀ ပေါက် ကွဲပုဒ်မ ၃(ပ)၄၃၇/၂၀၁၀ မတရားအသင်းပုဒ်မ ၁၇(၁)၊
(ပ)၄၃၈/၂၀၁၀ လ၀ကပုဒ်မ ၁၃(၁)တို့ဖြင့် အရေးယူထားရှိပြီး စစ်ဆေး၍ ၂၀၁၀ဇွန်လ
၃၀ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ပါသည်။
ထိုသို့တင်ပို့ခဲ့ပြီး အင်းစိန်အကျဉ်းထောင်ရှိ သီးသန့်တရားရုံးတွင်
မြောက်ပိုင်းခရိုင်တရား ရုံး ခရိုင်တရားသူကြီး ဦးကိုကိုဦးမှ
စတင်စစ်ဆေးခဲ့ကာ တရားသူကြီးအဆင့်ဆင့်ပြောင်းလဲခဲ့ကာ အဆုံး သတ်တရားစီရင်မှုကို ခရိုင်တရားသူကြီး ဦးအောင်သိန်းမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း
သိရှိရသည်။
''ကျွန်တော့်ကို စစ်ဆေးတဲ့အခါမှာ ကျွန်တော်ပါဝင်ပတ်သက်မှု မရှိဘူး။
ကျွန်တော်မလုပ်ဘူးဆိုတာကို အကြိမ်ကြိမ် ရှင်းပြတယ်။ စစ်ကြောရေးမှာ
နည်းမျိုးစုံနဲ့ စစ်ဆေးတဲ့ဒဏ်တွေကို လုံးဝမခံနိုင်တော့တဲ့ အခြေ အနေမှာ
သူတို့ပြောကြားစေခိုင်းတဲ့အတိုင်း ကျွန်တော် ပူးပေါင်းပါဝင်ခဲ့လိုက်ရတာပါ။ နောက်တော့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ
ကျွန်တော်က နံပါတ်တစ်တရားခံအနေနဲ့ ဖြစ်ခဲ့ပါတယ်'' ဟု ကိုဖြိုးဝေအောင်က
ရင်ဆိုင်ခဲ့ရသောအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။
ကိုဖြိုးဝေအောင်အား ပြစ်ဒဏ်ချမှတ်မှုကို ၂၀၁၂ခု နှစ်၊ မေလ ၈ရက်နေ့တွင်
ပြုလုပ်ခဲ့ပြီး မင်္ဂလာတောင်ညွှန့် ရဲစခန်း(ပ)၃၂၀/၁၀၊ မြောက်ပိုင်းခရိုင်တရားရုံး ပြစ်မှုကြီး အမှတ် ၁၀၂/၁၀၊ ပုဒ်မ ၃၀၂(၁)(ခ) /၁၁၄ အရ သေဒဏ်၊ ပုဒ်မ
၃၂၆/၁၁၄ အရ ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၃၂၄/၁၁၄အရ ထောင်ဒဏ် (၃)နှစ်တို့အား
တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထို့အပြင် မင်္ဂလာတောင်ညွှန့်ရဲစခန်း (ပ)၃၂၀/၁၁၄ ၊ မြောက်ပိုင်းခရိုင် တရားရုံးပြစ်မှုကြီး အမှတ် ၁၀၃/၁၀၊
ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃/၆ အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ မင်္ဂလာတောင်ညွှန့် ရဲစခန်း (ပ)၄၃၇/၁၀ ၊ မြောက်ပိုင်းခရိုင်တရားရုံး ပြစ်မှုကြီး အမှတ် ၁၀၄/ ၁၀၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)အရ
ထောင်ဒဏ်(၃)နှစ်၊ မင်္ဂလာတောင်ညွှန့် ရဲစခန်း (ပ)၄၃၈/၁၀၊ မြောက်ပိုင်းခရိုင်
တရားရုံး ပြစ်မှုကြီးအမှတ် ၁၀၅/၁၀၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ
၁၃(၁)အရ ထောင်ဒဏ်(၃)နှစ် တို့အား တစ်ပေါင်းတည်း ကျခံစေရန် အမိန့်
ချမှတ်ခဲ့ပြီး ပြစ်မှုကြီးအမှတ် ၁၀၂/၁၀၊ ၁၀၃/၁၀၊ ၁၀၄/၁၀၊ ၁၀၅/၁၀တို့မှ
ပြစ်ဒဏ်အားလုံးကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။
ထို့နောက် မြောက် ပိုင်းခရိုင်တရားရုံး ပြစ်မှုသေးအမှတ် ၄၅/၁၀၊ ၄၆/၁၀၊
၄၇/၁၀၊ ၄၈/၁၀ တို့မှ တရားခံပြေး သူရဇော်၊ မျိုးအေး၊ အောင်ကြီး၊
ရဲသီဟတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ ဆောင်ရွက်ပြီး အမှု
ခေတ္တပိတ်ခဲ့ကြောင်း သိရှိရပါသည်။
အထက်ပါ ပုဒ်မများဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို
၂၀၁၂ခုနှစ်၊ သြဂုတ်လ ၃ရက်နေ့ နံနက်ပိုင်းတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁အရ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ၄င်း၏ဇနီးဖြစ် မဌေးဌေးက
ပြောကြားခဲ့ပါသည်။
ကိုဖြိုးဝေအောင်အနေဖြင့် တရားစီရင်ခြင်း ကိစ္စများနှင့်ပတ်သက်၍
အဆင့်ဆင့် တင်ပြရှင်းလင်းသွား မည်ဖြစ်ကြောင်း ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ
မဌေးဌေးကပြောကြားခဲ့သည်။ ယခုလက်ရှိအချိန်တွင် ကိုဖြိုးဝေအာင်မှာ
အင်းစိန်ဆေးရုံကြီး၊ အခပေးအထူးအခန်း ၄ တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း
သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment