သြဂုတ်လ ၉
ရက်နေ့

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် ပြည်သူ့လွှတ်တော်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမအကြိမ်
အစည်းအဝေးကို ပြည်သူ့လွှတ်တော် ကော်မတီရေးရာ အဆောင် I-12 တွင် သြဂုတ်လ ၉
ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး
တက်ရောက်လာသူများကို ဒေါ်အောင်ဆန်း စုကြည်မှ တစ်ဦးချင်း မိတ်ဆက်ခြင်း၊
ကော်မတီအဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကော်မတီအပေါ် အမြင် များ တောင်းခံခဲ့ကြောင်း
သိရှိရသည်။
ကော်မတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊
တရားရေးအဖွဲ့အစည်း များ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့်
သက်ဆိုင်သူအားလုံးတို့သည် တရားဥပဒေနှင့်အညီ နေ ထိုင်ပြုမူလိုက်နာဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိကူညီခြင်း ပြုရမည်။ အရေးယူ ဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။ တည်ငြိမ်အေးချမ်းမှု
ပျက်ပြားစေသော အကြောင်းကိစ္စ များဖြစ်ပေါ်ရန်အကြောင်း ပေါ်ပေါက်လာပါ က၊
ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို
ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။ တရားဥပဒေစိုးမိုးမှုနှင့်
တည်ငြိမ်အေးချမ်းမှုမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှု အောင်မြင်လာရေး
အတွက် လေ့လာသုံးသပ် ဆောင်ရွက်ရမည်။ သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိ
ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊
ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ ရှိက လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏အစည်းအဝေးများကို
အပတ်စဉ် ကြာသပတေးနေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment