Monday, August 20, 2012

ဇီဝလောင်စာစီမံကိန်းဆို ပြီးစိုက်ခဲ့တဲ့ကြက်ဆူပင်တွေအမြစ်မှတူးကာစွန့်ပစ်

 
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မိုးသတ်လေပြင်းများ မကြာခဏတိုက်ခတ်ရွာသွန်းနေမှုများကြောင့် လျှပ်စစ် အန္တာရာယ်ကို ကာကွယ်ရန် လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်သော လျှပ်စစ်ဓာတ်ကြိုးများ အပေါ်သို့ ကျိုး ကျနိုင်သော အပင်များကို ခုတ်ထွင်ရှင်းလင်းလျက်ရှိရာ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး လမ်းဘေးဝဲ ယာရှိ ကျွန်းပင်များပါ ကတုံးတုံးခံနေရသည်ဟု သိရသည်။
ကျန်ကျွန်းပင်တစ်ချို့မှာလည်း လမ်းချဲ့ထွင်ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်းကြောင့် လဲပြိုကျပြီး အခုတ်ခံခဲ့ ရသည်။ ပို၍ နှမြောစရာကောင်းလှသည်မှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇီဝလောင်စာအတွက် စီမံကိန်းများနှင့် ထောင်သောင်းသိန်းသန်းပေါင်းများစွာဖြင့် အထူးဇုန်များသတ်မှတ်ပြီး ငွေအကုန်အကျ ခံကာ စိုက်ပျိုးထားသော ကြက်ဆူပင်များကို ခုတ်ထွင်လွှင့်ပစ်နေကြသည်ဟု သိရသည်။ ကားလမ်းမကြီး များ၏ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်တွင် အမြစ်ပါမကျန် တူးဖော်ပစ်လိုက်ခြင်းဖြစ်ရာ ယခုအခါတွင် ဇီဝလောင်စာအကြောင်း ပြောသံပင် မကြားရတာ့ဟုသိရသည်။

No comments:

Post a Comment