သြဂုတ်လ ၁၅
ရက်နေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နေပြည်တော်ရုံးဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီ က နေပြည်တော်၊ ဇမ္ဗူသီ ရိမြို့၊ သပြေကုန်းရပ်ကွက်ရှိ
အဆိုပါရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
အဖွင့်မိန့်ခွန်းပြောကြားရာ၌ လက်ရှိတွင် နိုင်ငံ၌လူငယ်များမှာ
အလုပ်လက်မဲ့ပြဿနာများဖြစ်နေကြောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်း မှာ ကျေးလက်ဒေသများတွင် လယ်ယာမြေများ ဆုံးရှုံးရခြင်းကြောင့်ဖြစ်ကြောင်း၊
ပြည်သူများအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်
လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် သူတစ်ပါးအား အားကိုးချင်စိတ်များကိုဖျောက်၍ မိမိကိုယ်မိမိတာဝန်ယူတတ်သည့်စိတ် ရှိရန်လို အပ်ကြောင်းနှင့်
အမျိုးသားဒီမိုကရေစီပါတီအနေဖြင့် ပြည်သူနှင့် လက်တွဲဆောင်ရွက်မည်ဟု ဆိုပါသည်။
အဆိုပါရုံးခန်းတွင် ပါတီလွှတ်တော်ကိုယ်စားလှယ်များအား
သင်တန်းများပို့ချခြင်းနှင့် လွှတ်တော်ရေးရာကိစ္စ ရပ်များ ဆွေးနွေးမှုများအပြင်
ဒေသခံများ လာရောက်ဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်း၊ စနေ၊ တနင်္ဂနွေနေ့
များတွင် ဥပဒေပညာရှင်များ လာရောက်မည်ဖြစ်ပြီး ဥပဒေကိစ္စရပ်များကို
လာရောက်ဆွေးနွေးနိုင်ကာ အ ခက်အခဲများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့်
အခမဲ့သင်တန်းများပို့ချရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကြောင်း
သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment