လသာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြီးမြင့်က မဟာသင်္ကြန်ရုံးပိတ်ရက်ကို ၄ ရက် သို့မဟုတ် အကြတ်နှစ်ရက်ဖြစ်ပါက ၅ ရက်သာ
ပြန်လည်သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း ကို
ယနေ့ (သြဂုတ်လ၆ရက်)ကျင်းပသည့် ပြည်သူ့လွှတ်တော် ၂၀ ရက်မြောက်နေ့တွင်
မေးမြန်းခဲ့ရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က လက်ရှိကောင်းမွန်တဲ့ အစဉ်အလာကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဦးကြီးမြင့်က မြန်မာနိုင်ငံသည် အစစအရာရာ နိမ့်ကျနေသေးသည့်
နိုင်ငံဖြစ်သည့်အတွက် ကုန်ထုတ် စွမ်းအားများ ပိုမိုတိုးတက်နိုင်ရန်အတွက်
အကြောင်းပြကာ အထက်ပါမေးခွန်းကို မေးမြန်းခြင်းဖြစ်သည်။
သင်္ကြန်တွင်း ၁၀ ရက် ရုံးပိတ်ရက်ဖြစ်သည့်အတွက် ဧပြီလအတွင်းတွင် လုပ်ကိုင်ရသည့် အလုပ်များ တွင် ကျယ်မှုမရှိကြောင်းနှင့် ဧပြီလအတွက် အလုပ်ကိုကြိုတင်ရှောင်ထားရကြောင်း ကျိုးကြောင်းပြ မေးမြန်းသွား သည်။
အလားတူ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း ရုံးပိတ်ရက် ၁၀ ရက်ဖြစ်သည့်အတွက် အကျိုးကျေးဇူး ထူးထူးခြားခြားမရဘဲ ရုံးစောင့်ရသည့်အလုပ်သာ တိုးလာခဲ့ကြောင်း ဦးကြီးမြင့်ကဆိုသည်။
သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ခြင်းအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီအစိုးရက ၂၀၀၇ ခုနှစ် သြဂုတ် ၁၆ ရက်က ကြေငြာချက်အမှတ် ၁/၂၀၀၇ ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။
သင်္ကြန်တွင်း ၁၀ ရက် ရုံးပိတ်ရက်ဖြစ်သည့်အတွက် ဧပြီလအတွင်းတွင် လုပ်ကိုင်ရသည့် အလုပ်များ တွင် ကျယ်မှုမရှိကြောင်းနှင့် ဧပြီလအတွက် အလုပ်ကိုကြိုတင်ရှောင်ထားရကြောင
အလားတူ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း
သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ခြင်းအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီအစိုးရက ၂၀၀၇ ခုနှစ် သြဂုတ် ၁၆ ရက်က ကြေငြာချက်အမှတ် ၁/၂၀၀၇ ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။
Ref: 7Day News Journal
No comments:
Post a Comment