မြန်မာအစိုးရက အမည်မည်းစာရင်း (Black list) မှ ပယ်ဖျက်လိုက်သော
လူပုဂ္ဂိုလ် ၂၀၈၂ဦး ၏စာရင်းကို
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှ ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါစာရင်းတွင်
ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးဖြစ်သော Aris Alexander နှင့် Aris Kim တို့
နှစ်ဦးပါဝင်သည်။ အမည်မည်းစာရင်းမှ
ပယ်ဖျက်လိုက်သူများစာရင်းတွင် ဗိုလ်ဗိုလ်ကျော်ငြိမ်း၊ စက်တင်ဘာလဆန်းတွင်
မြန်မာနိုင်ငံသို့ပြန်လာမည့် မိုးသီးဇွန် (ခေါ်) မိုးသီး၊ ကိုကိုအောင်၊
အောင်ဒင် စသောပုဂ္ဂိုလ်များပါဝင်သည်ကိုတွေ့ရသည်။ စာရင်းအပြည့်အစုံကို
ဖော်ပြပါလင့်ခ်တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment