လားရှိုးမြို့တွင် သြဂုတ်လ(၁၉)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများအရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် လားရှိုးမြို့အ၀င် ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် မြေနိမ့်ပိုင်းကျသော ရပ်ကွက်များ သို့ ရေ၀င်ရောက်မှုများရှိခဲ့ရာ လူနေအိမ်များမှ ပစ္စည်းများ ရေစီးနှင့်မျောပါခြင်း၊ အိမ်အချို့ပြိုကျခြင်း၊ အုတ် တံတိုင်းများ ပြိုကျပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ သြဂုတ်လ
(၁၉)ရက်နေ့ ၊ နံနက်(၉) နာရီခန့် မှစတင်၍
တောင်ကျရေများပြင်းထန်စွာ ကျဆင်းလာပြီး လားရှိုးမြို့ရပ်ကွက်(၁)၊ (၇)၊ (၈)၊ (၉)၊ (၁၁)၊ (၁၂)တို့တွင် ရေ၀င်ရောက်ခဲ့ကြောင်း
သိရသည်။
အရှိန်ပြင်းစွာ စီးနေသောရေစီးကြားမှ ကယ်ဆယ်ရေး အဆင့်ဆင့်ဆောင်ရွက်ပုံ
လားရှိုးမြို့တစ်ခွင် ရေများကြီးနေပုံ
Ref: Eleven Media Group






No comments:
Post a Comment