နေပြည်တော်၊သြဂုတ်-၈
ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသည့်သန့်ရှင်းသော အစိုးရ ၊ ကောင်းမွန်သော အစိုးရဖြစ်လာစေရေးအတွက် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ ၀င်အဖြစ် တာဝန်ပေးအပ်ခံရသူများ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုး စီးပွားများအား ထုတ်ဖော်ကြေငြာထားရန် အဆိုအားယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ် ရာ ရှုံးနိမ့်သွားကြောင်း သိရသည်။

ဦးဝင်းမြင့်၏ အဆိုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်
ကိုယ်စားလှယ် ၇ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး၊ တိုင်းရင်းသား
ပါတီတစ်ခုမှ ကိုယ်စားလှယ် တစ်ဦးနှင့် အခြားပါတီမှ ကိုယ်စားလှယ်
သုံးဦးတို့ ဆွေးနွေးကြကြောင်း သိရသည်။
``အဆိုက ပြည်သူ့အတွက်လည်း အရေးကြီးတယ် နိုင်ငံတကာမှာလည်း ပြဌာန်းထားတာတွေရှိတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေ တစ်ဖက်စောင်းနင်းဖြစ်မှုတွေက အဓိက ဆင်းရဲသားတွေ ပဲခံစားနေရတယ် အဲဒါကြောင့် ၀င်ဆွေးနွေးတာပါ။ ဒါပေမယ့် အရေးကြီးတဲ့မဲခွဲဆုံးဖြတ်တဲ့အခါကျတော့ ရှုံးသွားတယ်``ဟု မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကပြော သည်။
အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇၉ ဦးရှိသည့်အနက် ထောက်ခံမဲ ၆၈ မဲ ကန့်ကွက်မဲ ၂၇၁ မဲနှင့် ကြားနေမဲ ၁၆ မဲတို့ဖြင့် ရှုံးနိမ့်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဦးဝင်းမြင့်၏ အဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၀၁ တို့တွင်လည်း ပါရှိပြီးဖြစ်သည်ဟု ၀င်ရောက်ဆွေးနွေးသည့် ကိုယ်စားလှယ်အချို့က ဆွေးနွေးရာ ပြောကြား သွာကြောင်းသိရသည်။
သို့သော် ဦးဝင်းမြင့်က ``ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာပါတာက အစိုးရအဖွဲ့ ၀င်တွေက သူတို့ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုကို သမ္မတနဲ့ ဒုသမ္မတ တွေဆီပဲ တင်ခိုင်းတာ ကျွန်တော်က အခု ပြည် သူကိုကြေငြာဖို့ အဆိုတင်တာပါ``ဟုပြောကြားသည်။
ယခုအဆို ရှုံးနိမ့်သွားသော်လည်း အခြေအနေ အချိန်အခါပေါ်လာသည့်အခါတွင် ပြည်သူအကျိုးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြော
Ref: 7day news journal
No comments:
Post a Comment