သြဂုတ်လ(၆)ရက်၊ ည(၁၂)နာရီခန့်က အရေအတွက် (၃၀၀) ၀န်းကျင်ခန့်ရှိသော ကုန်စိမ်းသည်များ သည် ဈေးချိုမှတစ်ဆင့် မြောက်ဘက်ကျုံးရှေ့ရှိ မန်းမြို့တော်စည်ပင်သာယာရုံးရှေ့သို့ သွားရောက်ကာ ကုန်စိမ်းတန်းညဈေးကို မူလနေရာတွင် ဈေးပြန်ရောင်းချခွင့်ရရေး တောင်းဆိုခဲ့ကြသည်။
နံနက်(၁)နာရီ မိနစ်(၄၀)ခန့်တွင် မြို့တော်ဝန်ဦးအောင်မောင်းနှင့်  အာဏာပိုင်များက ဈေးသူဈေးသားများ ကိုယ်စား ဈေးသည်အမျိုးသားတစ်ဦးနှင့် ယင်းကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေသည့် အမျိုးသားနှစ်ဦး ကို တွေ့ဆုံစကားပြောခဲ့သည်။ တစ်နာရီကျော်ကြာတွေ့ဆုံရာတွင် ယခုကဲ့သို့လာရောက်တောင်းဆိုမှုသည် ဥပဒေနှင့်မညီသဖြင့် ဥပဒေအတိုင်းဆောင်ရွက်ရန် ရဲအရာရှိတစ်ဦးက အသိပေးပြောကြားခဲ့သည်ဟု ဆိုသည်။။
မန်းမြို့တော်ဝန်က မူလနေရာတွင် ဈေးရောင်းချခွင့်ပေးမည် မဟုတ်ကြောင်း၊
မန်းမြို့တော်သာ ယာရေးအတွက် ဖြစ်ကြောင်း၊ ဈေးသည်များအကျိုးအတွက်လည်း
ဆောင်ရွက်ပေးမည့်လုပ်ငန်းများရှိကြောင်း
ပြောကြားခဲ့သည်။ ဈေးချိုကိုင်းတန်းညဈေးသည် ပြင်ဦးလွင်၊ မတ္တရာ၊ မုံရွာ၊
ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ် အစရှိသည့်နယ်များမှ လာရောက်အရောင်းအ၀ယ် ပြုလုပ်သည့်ဈေးတစ်ခုဖြစ်ပြီး ပျံကျကုန်စိမ်းသည် (၇၀၀)ကျော်ရှိသည်။
ယခုကဲ့သို့ ဈေးအပြောင်းအရွှေ့ကာလအတွင်း ယင်းဈေးရှိဈေးသည်များထံမှ
တစ်ဆင့်ပြန်လည်ဝယ်ရောင်းကြသည့် ရပ်ကွက်ဈေးသည်များကိုပါ
ထိခိုက်မှုရှိနေကြောင်း သတင်းရရှိ သည်။
Ref: 7day news journal
No comments:
Post a Comment