ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးမှ
ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့်
မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် လုပ်ပိုင်ခွင့်မရှိဘဲ
လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပဒေကို ဆန့်ကျင်ဆုံးဖြတ်ခဲ့ကြောင်းကို
ခုံရုံးအနေဖြင့် ကြေညာချက်ပြန်လည် ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က
တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးကြီးလှထွန်း၊ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးနှင့် ဗိုလ်မှူးကြီးအောင်သီဟက
ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ထောက်ခံမဲ ၄၄၇ မဲဖြင့် အနိုင်ရရှိကြောင်း
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က သြဂုတ်လ ၂၇ ရက်နေ့တွင်
ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်အဝေးတွင်
ပြောကြားခဲ့သည်။
ပျော်ဘွယ်မဲဆန္ဒမှ ဦးမြင့်စိုးတင်သွင်းသည့် ''နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့်ကော်မတီ၊
ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အ စည်းအဖြစ်
ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့်
မှားယွင်းဆောင် ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေး
ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန်'' အဆို ကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်
(ဓာတ်ပုံ - ဝေယံဖြိုးဦး)
အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးမှုအရ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉
ဦးရှိသည့်အနက် ထောက်ခံမဲပေးသူ ၄၄၇ ဦးရှိပြီး ကန့်ကွက်မဲပေးသူ ၁၆၈
ဦးရှိကြောင်း သိရသည်။ ကြားနေမဲ အရေအတွက်မှာ လေးမဲ ရရှိခဲ့သည်။
Ref: Eleven Media Group
Ref: Eleven Media Group
No comments:
Post a Comment