Monday, August 20, 2012

ဈေးကွက်အရောင်း မြှင့်တင်ရေးစနစ်သစ် ဆော့ဖ်ဝဲထွက်ရှိ

စီးပွားရေးလုပ်ငန်းတိုင်း အားထားအသုံးပြုနိုင်မည့် ဈေးကွက်အရောင်းမြှင့်တင်ရေးဆော့ဖ်ဝဲ (Market Oriented System) ကို Zillion Com ICT Solution Co.,Ltd မှ ရေးသားဖြန့်ချိလိုက်ကြောင်း သိရသည်။ 

“စီးပွားရေးလုပ်ငန်းတိုင်း အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုပါ။ အဓိကလုပ်ဆောင်ချက်ကတော့ ကိုယ့်လုပ် ငန်းနဲ့ ဆက်နွယ်နေတဲ့ Customer တွေရဲ့အချက်အလက်တွေကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းထားပြီး ထိထိရောက်ရောက် ပြန်လည်အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ဒီ Software က Customer တွေကို သက်ဆိုင်ရာနယ်ပယ်အလိုက် အုပ်စုခွဲပြီး Sale & Marketing ကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် Customer complain တွေကိုလည်း စနစ်တကျ မှတ်သားထားပြီး ဖြေရှင်းဖို့နည်းလမ်းကို ကောင်းမွန်စွာ အဖြေထုတ်ပေးနိုင်ပါသေးတယ်။ ဈေးကွက် အတွင်းမှာရှိတဲ့ မိမိတို့ထုတ်ကုန်ပစ္စည်း ရောင်းအားကို ထိထိရောက်ရောက်မြှင့်တင်နိုင်ဖို့ သေချာတဲ့ လုပ်ဆောင်ချက်တွေကို ချမှတ်နိုင်ပါတယ်။ ၀ယ်ယူမှုအများဆုံး၊ အနည်းဆုံး Customer များ၊ အရောင်းရဆုံး Product Service များကို ထုတ်ယူကြည့်ရှုနိုင်ပြီး၊ ဘယ် Customer က ဘယ်လို Product တွေကို စိတ်ဝင်စားတယ်၊ ဘယ်လို ၀န်ဆောင်မှုမျိုး ပေးရတယ်ဆိုတာကို အလွယ်တကူ သုံးသပ်နိုင်မှာဖြစ်ပါတယ်” ဟု Zillion Com ICT Solution Co.,Ltd မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 ဆော့ဖ်ဝဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖုန်း - ၀၉၄၉၂၂၀၄၃၄၊ Email: www.zillioncom.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Ref: ဝေေ၀(Internet Journal)

No comments:

Post a Comment