အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း
စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်း များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက်
အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက်တစ်ရပ် ချမှတ်ဖော်ထုတ်
အရေးယူဆောင်ရွက်ရန်အဆိုအား သြဂုတ်လ ၈ ရက်နေ့က အမျိုးသားလွှတ်တော်၌
မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ယင်းအဆိုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာမြတ်ဉာဏစိုးက ''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ
စိမ့်ဝင်ရောက်ရှိနေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မသမာသော
နည်းလမ်းများဖြင့် ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လူဦးရေအများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါတယ်။ အနောက်ဘက်မှာဆိုရင်
လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့
နိုင်ငံနဲ့ လည်း နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့နိုင်ငံနဲ့လည်း
ထိစပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းမှာ
လူမျိုးခြားတွေ ၀င်ရောက်နေပါတယ်။ အနောက်ဘက်မှာလည်း သူတို့နိုင်ငံရဲ့
အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက် လူမျိုးခြားတွေ စိမ့်ဝင်လာနေတာကို စိုးရိမ်ဖွယ်
တွေ့ရပါတယ်။ နိုင်ငံသား ဥပဒေတွေလည်း ရှိပါတယ်။ တရားမ၀င် ၀င်ရောက်လာတာတွေ၊
လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ မညီ ညွတ်တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ
နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားတာ တွေ့ရပါတယ်။ အကျင့်ပျက်၊ ခြစားကာ
တိုင်းပြည်ရဲ့မျက်နှာမထောက်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ် ရပ်တွေကြောင့်
ဖြစ်ခဲ့ရတာတွေကို တွေ့နေရပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်မှာ အချက်အလက်တွေ
အကုန်မထည့်ဘဲ ထုတ်ပေးရတာတွေ ရှိပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ
မငြိမ်မသက်ဖြစ်စေဖို့ ပြု လုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ တရားမ၀င်
စိမ့်ဝင်လာတာတွေ၊ စိစစ်ရေးကတ် ကိုင်ထားတာတွေ၊ လူမျိုးခြားတွေကို
အရေးယူပေးဖို့ အချိန်ရောက်နေပါပြီ''ဟု တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါအဆိုကို မကွေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဦးလှဆွေက ''ဒီအဆိုကို ပုဒ် မ ၁၄၄ ရုပ်သိမ်းပြီးမှ
ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ လတ်တလောဆွေးနွေးရင် မီးလောင်ရာ လေပင့် သလို
ဖြစ်နေပါတယ်။ မတည်ငြိမ်၊ ဆူပူမှုတွေ ဖြစ်နိုင်ပါတယ်။ မနေ့ကပဲ ကျောက်တော်မှာ
မီးရှို့မှု ဖြစ် သွားပါတယ်။ တပ်မတော်နဲ့ ရဲနဲ့ပဲ အလုပ်ရှုပ်ပါတယ်။
အဆိုမှာပါတဲ့အလုပ်က အခုမှ လုပ်ဆောင်သင့်တာ မဟုတ်ပါဘူး။ အမြဲတမ်း
ပုံမှန်လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဆူပူမှုကို အကဲခတ်နေတဲ့အချိန်ဖြစ်လို့
လွှတ်တော်အနေနဲ့ မဆွေးနွေးသင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လတ်တလော
မွတ်စလင်နိုင် ငံတွေက စောင့်ကြည့်နေတာကိုလည်း ကျွန်တော်တို့ခံနေရပါတယ်။
ဒါကြောင့် လတ်တလောဆွေးနွေးဖို့ အချိန်စောနေပါသေးတယ်''ဟု
ထောက်ပြဆွေးနွေးခဲ့သည်။
အဆိုကိုကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်ရှိသည့်အတွက်
မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူဦးရေ ၄၀ ဦးမပြည့်သည့်အတွက် ယင်းအဆိုကို
အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment