အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနမှ အကြီးကဲဖြစ်သူ
Mr.Arifin Muh Hadi နှင့်အဖွဲ့သည် သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်
စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒေသဆိုင်ရာ ၀န်ကြီးများနှင့်
တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း
ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ ဌာနမှူး ဦးမောင်မောင်ခင် လည်း
လိုက်ပါလာခဲ့ကြောင်းနှင့် ပထမဦးစွာ စစ်တွေလေဆိပ်တွင် ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ရုံးမှ လူ မှုရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက
လက်ခံတွေ့ဆုံခဲ့ကြောင်းလည်း သိရှိရပါ သည်။
အင်ဒိုနီးရှားနိုင်ငံမှ ရောက်ရှိလာသူများ
ထိုသို့ လက်ခံတွေ့ဆုံရာတွင် အဆိုပါအဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ရောက်လာရခြင်းမှာ ကယ်ဆယ်ရေးအ တွက်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော
ဘင်္ဂလီများနှင့် ဒေသခံရခိုင်များအကြား ဖြစ်ပေါ် ခဲ့သောပဋိပက္ခအတွက်
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လွန်စွာစိုးရိမ်ခဲ့မိကြောင်း၊ ထိုသို့
စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ သည်မှာလည်း ပြည်ပမီဒီယာများအနေဖြင့်
သတင်းများမှားယွင်း ဖော်ပြခဲ့ခြင်းကြောင့်သာဖြစ်ကြောင်းနှင့်
အင်ဒိုနီးရှားမှ အကြီးအကဲများ လာရောက်ကွင်းဆင်းကြည့်ရှုခဲ့ချိန်မှစတင်ကာ
အဖြစ်မှန်ကို သိရှိခဲ့ ပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြဿနာအား
ကိုင်တွယ်ဖြေရှင်းနေပုံကို လက်တွေ့သိမြင်ခဲ့ရသဖြင့် စိတ်အေးခဲ့ရကြောင်း၊
အစိုးရအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ဆယ်နာရီခန့်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း၊ မနက်ဖြန်နံနက်တွင် ခေါင်း ဒကာ ဘင်္ဂလီကယ်ဆယ်ရေးစခန်းသို့ သွားရောက်လေ့မည်ဖြစ်ပြီး ယင်းနောက် မင်းဂံရှိ ရခိုင်ဒုက္ခသည်စခန်း များသို့လည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းနောက် ဆယ်နာရီခန့်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း၊ မနက်ဖြန်နံနက်တွင် ခေါင်း ဒကာ ဘင်္ဂလီကယ်ဆယ်ရေးစခန်းသို့ သွားရောက်လေ့မည်ဖြစ်ပြီး ယင်းနောက် မင်းဂံရှိ ရခိုင်ဒုက္ခသည်စခန်း များသို့လည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Ref: Eleven Media Group
No comments:
Post a Comment