ပြည်တွင်းကျပ်ငွေဖြင့် ၀ယ်ယူမည့်တင်ဒါခေါ်ယူခြင်းကို သြဂုတ်လ ၂ ရက်နေ့ကစတင်ခဲ့ပြီး ၁၇ ရက်နေ့ နောက်ဆုံးထား၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ဒါပိတ်သိမ်းမည်ဟု သတင်းရရှိပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန်အတွက် တင်ဒါခေါ်ယူရာတွင် GSM SIM ကတ် ငါးသိန်းကျော်နှင့် WCDMA SIM ကတ် နှစ်သန်းခွဲကျော် ၀ယ်ယူမည် ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါကတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ SIM နှင့် WCDMA Mobile ဆက်သွယ်ရေးလိုင်းများ ချထားပေးရန်အတွက် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ ဆက်သွယ်ရေးနှင့် စာတိုက်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း (ပစ္စည်းဌာန) တွင် တင်ဒါပုံစံတစ်ခုကို ကျပ်ငွေတစ်ထောင်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment