Monday, August 13, 2012

သြဂုတ်လ ၁၅ ရက်နေ့တွင် ဒုတိယသမ္မတ ရွေးချယ်မည်ဟု သတင်းရရှိ

သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူမည်ဖြစ်ပြီး ၄င်းအစည်းအဝေးတွင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ အမည်စာရင်း ကို ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့နောက် ဒုတိယသမ္မတအဖြစ် ရွေချယ်တင်မြှောက်ခံထားရသူသည် ပြည်ထောင်စုလွှတ်တော်နာယက ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတအဖြစ်
(၁) ဦးထွန်းထွန်းဦး (ဒုတိယရှေ့နေချုပ်)၊
(၂) ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)၊
(၃) ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ ဖြိုးရေး ၀န်ကြီးဌာန)၊
(၄) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန)၊ 
(၅)ဗိုလ်ချုပ်ကြီး လှဌေးဝင်း (ကာကွယ်ရေးဝန်ကြီးဌာန) တို့အထဲမှ တစ်တစ်ဦးမှာ ဒုတိယသမ္မတဖြစ် နိုင်ကြောင်း လွှတ်တော်အတွင်း ခန့်မှန်းပြောဆိုမှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။

Ref: Eleven Media Group

No comments:

Post a Comment