မိုးရွာသွန်းမှု များလာသောကြောင့် ချင်းတောင်ပေါ်ရှိ ကားလမ်းများနှင့် ချင်းတောင်ခြေရှိ ကားလမ်းများ သွားလာရခက်ခဲလာသည်ဟု သိရှိရပါသည်။
''သြဂုတ်လဆန်းပိုင်းမှာ မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းကနေ လာခဲ့တယ်။
လမ်းတွေက အတော် ဆိုးတော့ တချို့ကားတွေ လမ်းချော်၊ တိမ်းစောင်းတာတွေ
ဖြစ်နေတယ်။ ကားဝင်ချိန်လည်း ပုံမှန်ချိန်တွေ ထက် နောက်ကျပြီးမှရောက်တယ်''ဟု
ရန်ကုန်မှ ကလေးမြို့သို့ လိုက်ပါလာသူတစ်ဦးက ပြောပါ သည်။ ချင်းတောင်ခြေနှင့်
ချင်းတောင်ဒေသတို့၏ အဓိကဆက်သွယ်ရေးသည် ကားလမ်းများကိုသာ အဓိက အားထား
အသုံးပြုကြရသည်ဟု သိရှိရပါသည်။
''ကလေးမြို့နဲ့ မြောက်ပိုင်းချင်းတောင်ဒေသတွေက အဓိကဆက်သွယ်ရေးက ကားလမ်းပဲ။ လေယာဉ်ဆို တာရှိပေမယ့် လေယာဉ်လက်မှတ်ခက ဈေးကြီးတော့ သာမန်ပြည်သူတွေအနေနဲ့ မစီးနိုင်ကြဘူး။ ကား လိုင်းတွေကိုပဲ အားကိုးရတယ်။ ကားလမ်းတွေပိတ်သွားရင် ဆက်သွယ်ရေး ပြတ်တောက်သွားရော။ ဒီနယ်က ကားလမ်းတွေ ရာသီမရွေး အဆင်ပြေပြေသွားနိုင်တဲ့ လမ်းဖြစ်စေချင်တယ်''ဟု ဒေသခံတစ်ဦး က ပြောကြားခဲ့ပါသည်။
မိုးရာသီကာလအတွင်းတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ချိတ်ဆက်ထားသော ကားလမ်း များသည်လည်း သွားလာရန် ခက်ခဲသည်ဟု သိရသည်။
''ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါရ်ဒါ စတဲ့မြို့တွေကိုသွားတဲ့ ကားလမ်းတွေလည်း မိုးရာသီဆိုရင်သွားလာဖို့ ခက်ခဲပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းဆိုပေမယ့် အသွားအလာခက် တယ်။ ဒီလမ်းကိုအိန္ဒိယနိုင်ငံက အဆင့်မြှင့်တင်မယ်ဆိုပေမယ့် အခုအထိ ဘာမှဆောင်ရွက်တာ မတွေ့ ရသေးဘူး။ ချင်းပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေးက ကားလမ်းတွေပဲ။ ကားလမ်းတွေကောင်းတယ် ဆိုရင် ဒေသတွင်း သွားလာမှုရယ်၊ နယ်စပ်ကုန်သွယ်ရေးရယ်က တိုးတက်လာမှာပါ။ ခုတော့ လမ်းခရီးခက် ခဲတော့ ကားတွေ မကြာခဏ တိမ်းမှောက်မှုတွေ ကြုံတွေ့နေရတယ်''ဟု တီးတိန်မြို့ခံတစ်ဦးက ပြောကြား ခဲ့ပါသည်။

Ref: Eleven Media Group
No comments:
Post a Comment