ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ခွင့်ပြုလိုက်ခြင်း အား ပေါ်လွင်စေသည့်အနေဖြင့် ယမန်နေ့ (သြဂုတ်လ ၇ ရက်) ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေ ချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီး ဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ ဆာင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာ ကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက် ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့ အခမ်းအနားကို ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းတို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများ အတွက် န၀ကမ္မအလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ် သိန်းကို ၀န်ကြီးနှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။ အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်း သားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်းပေး အပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီးနှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည် ထွက်ခွာသွားခဲ့ကြသည် ဟုသတင်းရရှိပါသည်။
Ref: 7Day News Journal

No comments:
Post a Comment