Sunday, August 12, 2012

ဦးတေဇကလယ်မြေ ဧကလေးသောင်းနိုင်ငံတော်သို့ ပြန်အပ်

 
ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက် ရင်း တောင်သူဖြစ်ပါက အကျိုးတူလယ်ယာလုပ်ကွက်ပြန်ပေးရန်ရှိနေ  ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီ တိုင်း  ဒေသကြီးအတွင်းရှိ ရေကြီးကွင်း၊ ရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေဧက ၄၀၀၀ ၀ ကျော်အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေလုပ်ပိုင်ခွင့်များအား နိုင် ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌဖြစ်သူဦးတေဇမှ လက်မှတ်ရေးထိုးကာ တင်ပြခဲခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုး  တူပူးပေါင်းကာ လယ်ယာမြေဖော်ထုတ်လုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများအား လယ်ယာ သမ၀ါယမအသင်းများဖွဲ့စည်းကာ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: Hot News Weekly (ဥယျာဉ်မှူး)

No comments:

Post a Comment