ရန်ကုန်၊သြဂုတ်-၁၁
ယုဇနဂါးဒင်းဟိုတယ်တွင် ယနေ့ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ သတင်းစားဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံ(Myanmar Journalist Association National Congress)က ဗဟိုဦးစီး အဖွဲ့ဝင်များအား ရွေးချယ် ခန့်အပ်တာဝန်ပေးခဲ့သည်။
အဆိုပါ ဗဟိုဦစီးကော်မတီဝင်အဖြစ် အရွေးအချယ်ခံရသူများသည် မိမိကိုယ်မိမိ ဆန္ဒပြု ရွေးချယ် ခံခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗဟိုဦးစီးအဖွဲ့ဝင်များတွင် သတင်းအေဂျင်စီကိုယ်စားပြု သုံးဦး၊ အွန်လိုင်းမီဒီယာ ကိုယ်စားပြု သုံးဦး၊ ရုပ်-သံမီဒီယာ ကိုယ်စားပြု သုံးဦးနှင့် ပုံနှိပ်မီဒီယာ ကိုယ်စားပြု ၃၂ ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်း ထားကြောင်းသိရသည်။

သတင်းအေဂျင်စီ ကိုယ်စားပြု ၃ဦးမှာ ဒေါ်မေသင်္ကြန်ဟိန်၊ ဦးအောင်လှထွန်း၊ ဦးအောင်သူမြိုင် တို့ဖြစ်ကြ သည်။
ရုပ်-သံ မီဒီယာ ကိုယ်စားပြု ၃ဦးမှာ ဒေါ်အိအိတင်၊ ဒေါ်ဆင့်ဆင့်အောင်၊ ဦးအောင်ရဲမောင်မောင် တို့ဖြစ် ကြသည်။
အွန်လိုင်း မီဒီယာ ကိုယ်စားပြု ၃ ဦးမှာ ဦးနေဘုန်းလတ်၊ ဦးစိန်ဝင်း၊ ဦးအေးချမ်းဟိန် တို့ဖြစ်ကြသည်။
အွန်လိုင်း မီဒီယာ ကိုယ်စားပြု ၃ ဦးမှာ ဦးနေဘုန်းလတ်၊ ဦးစိန်ဝင်း၊ ဦးအေးချမ်းဟိန် တို့ဖြစ်ကြသည်။
ပုံနှိပ်မီဒီယာ ကိုယ်စားပြု ၃၂ဦးမှာ
ဦးစိုးသိန်း(မောင်ဝံသ)
ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)
ဦးသီဟစော
ဦးမြတ်ခိုင်
ဦးဝင်းငြိမ်း
ဦးကျော်စွာမင်း
ဦးဖိုးနိုင်လင်း
ဦးဇေယျာမြတ်ခိုင်
ဒေါက်တာ ဇော်သန်း
ဦးလှိုင်ဘွား
ဦးစောလင်းအောင်
ဒေါက်တာ မျိုးမင်းထိုက်
ဒေါ်အိမ့်မှူးခင်
ဦးလှိုင်ထွေးအောင်
ဒေါက်တာ စိန်စိန်သိန်း
ကာတွန်း အာယု
ဦးဇော်လင်းသန်း
ဦးချိုအိဇင်
ဦးထွန်းဝင်း(ရွှေမန္တလေး)
ဦးဘဦး(အလင်းတန်း)
ဦးရဲမင်းဦး
ဦးမျိုးမင်းဦး(မုံရွာ)
စိန်ရွှေလှိုင်
ဦးအောင်မြင့်(အောင်ဓါတု)
ဦးခင်မောင်သိန်း(ဇီးကုန်း)
ဦးဘသန်းတင်
ဦးဝင်းကြည်(ရွှေလမ်း၊ငွေလမ်း)
ဦးရန်နိုင်(ခိုင်မင်း-နေပြည်တေ
ဦးမြင့်အောင်(မော်ကျွန်း)
ဦးခင်မောင်ဝင်း
ဦးသက်ထွဋ်ဇော် တို့ဖြစ်ကြသည်။
ယနေ့ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၂၁ ဦးအား ရွေးချယ်ခဲ့ပြီး အဆိုပါ ၂၁ ဦး အနက်မှ ဥက္ကဌ ဒုဥက္ကဌများနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များကို ဆက်လက်ရွေးချယ်တင်မြှောက်ခဲ့သည်။
ရွေးကောက်တင်မြှောက်ခံရသူများမှာ
ဒုဥက္ကဌ-၂ ဦးသီဟစော
ဒုဥက္ကဌ-၃ ဦးဝင်းငြိမ်း
အတွင်းရေးမှူး- ဦးဖိုးနိုင်လင်း
တွဲဖက်အတွင်းရေးမှူး-၁ ဒေါက်တာမျိုးမင်းထိုက်
တွဲဖက်အတွင်းရေးမှူး-၂ ဦးကျော်စွာမင်း
တွဲဖက်အတွင်းရေးမှူး-၃ ဒေါ်မေသင်္ကြန်ဟိန်း
ဘဏ္ဍာရေးမှူး- ဒေါ်ဆင့်ဆင့်အောင်
စာရင်းစစ်- ဦးအောင်သူမြိုင်
ပြန်ကြားရေးမှူး- ဦးမြတ်ခိုင်
နိုင်ငံတကာ ဆက်ဆံရေးမှူး- ဦးအောင်လှထွန်း တို့ဖြစ်ကြသည်။

ယင်းဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များထဲမှ ကော်မတီများထပ်မံဖွဲ့စည်းကာ ဥက္ကဌ၊ ဒု ဥက္ကဌ များ ထပ်မံရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ဗဟိုဦးစီးကော်မတီဝင်အဖြစ် ရွေးချယ်တင်မြောက်ခံရသူများသည် သစ္စာအဓိဌာန် ၅ ချက်ကို ရွတ်ဆိုကြ ရကြောင်း သိရသည်။
ယင်းတို့ ရွတ်ဆိုရ သစ္စာအဓိဌာန် ၅ ချက်မှာ
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော
ကျွန်ပ်တို့သည်
၁။သတင်းအမှန်ကို သိပိုင်ခွင့်ရှိခြင်းတည်းဟူသော ပြည်သူများ၏ အခွင့်အရေးကို လေးစားလိုက်နာပါမည်။
၂။စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းများနှင့် အညီ ရရှိခံစားနိုင်ရေးကို တိုးချဲ့ဆောင်ရွက်ပါမည်။
၃။သတင်းမီဒီယာသမားများ ရရှိခံစားအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပါမည်။
၎။စာနယ်ဇင်းကျင့်ဝတ်များကို မြှင့်တင်ရင်း အင်အားတောင့်တင်းခိုင်မာသော စတုထ္ထမဏ္ဍိုင်ပီသရေး ကြိုးပမ်းသွားပါမည်။
၅။မြန်မာနိုင်ငံရှိ သတင်းစာဆရာများ သွေးစည်းညီညွတ်ရေးကို အထူးသဖြင့် အလေးထားလျက် ကြိုး ပမ်းဆောင်ရွက်ပါမည်။
အထက်ပါ ကတိသစ္စာငါးချက်ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လိုက်နာကျင့်သုံးသွားကြပါမည်ဟု လေးနက် တည်ကြည်စွာ အဓိဌာန်ပြုပါ၏ ဟူ၍ဖြစ်သည်။
Ref: 7 Day News Journal
No comments:
Post a Comment