Envoy News Journal အား နှစ်ပတ်ပြည့်လျှင် ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဟု ယမန်နေ့ ညနေ ၃ နာရီခွဲတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တရားဝင်အကြောင်းကြားမှုကို လက်ခံရရှိခဲ့ကြောင်း ဦးစင်ရော်မောင်မောင် မှာ
၎င်း၏ဖေ့ဘုတ်စာမျက်နာတွင်ဖော်ပြထားသည်။
စာပေစိစစ်ရေးမှ စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ အကန့်အသတ်မရှိ
ထုတ်ဝေခွင့်ရပ်ဆိုင်းထားခဲ့သော The Voice Weekly ဂျာနယ်နှင့် Envoy
ဂျာနယ်တို့အား လာမည့် သြဂုတ်လ ၁၈ ရက်တွင် ပြန်လည်ထုတ်ဝေ ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍ The Voice Weekly ဂျာနယ် ဖေ့ဘွတ်စာမျက်နှာတွင် “ လာမည့် သြဂုတ်လ ၁၈ ရက်နေ့တွင် The Voice Weekly အပတ်စဉ်ထုတ် သတင်းစာစောင် ပြန်လည်ထုတ်ဝေသွားမည် ဖြစ် ပါကြောင်း စာဖတ်ပရိသတ်များနှင့် မြန်မာနိုင်ငံသားများအားလုံးကို လေးစားစွာ အသိပေးအကြောင်းကြား အပ်ပါသည်။
စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံထားရသည့် ကာလအတွင်း The Voice Weekly ကို အားပေးထောက်ခံ ခဲ့ကြသော စာဖတ်ပရိတ်သတ်များ၊ ပုံနှိပ်သတင်းမီဒီယာ အသိုင်းဝိုင်းမှ လုပ်ဖော်ကိုင်ဘက်များ၊ နိုင်ငံရေး၊
စီးပွားရေး၊ လှုမှုရေး နယ်ပယ် အသီးသီးမှ သတင်းရင်းမြစ်များနှင့်
လူပုဂ္ဂိုလ်များအသီးသီးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အထူးအသိအမှတ်ပြု မှတ်တမ်းတင်အပ် ပါကြောင်း။ ဂျာနယ် ပြန်လည်ထုတ်ဝေသွားမည်ဖြစ်ကြောင်း။
အသိပေးကြေညာခြင်းအဖြစ် ဖော်ပြထားပြီး Envoy ဂျာနယ်အယ်ဒီတာချုပ်
စင်ရော်မောင်မောင်ကလည်း သူ၏ဖေ့ဘွတ်စာမျက်နှာတွင် Envoy ဂျာနယ်ပြန်လည်
ထုတ်ဝေခွင့်ရခြင်းနှင့် ပတ်သတ်ပြီး
ဂျာနယ်ပိတ်ခံရစဉ် ဆက်သွယ်မေးမြန်းခဲ့ကြ သည့် ပြည်တွင်းပြည်ပ Envoy ဂျာနယ်
ပရိတ်သတ်များ၊ လာရောက်အားပေးခဲ့ ကြသည့် Stop Killing Press
လှုပ်ရှားခဲ့ကြသည့် ပြည်တွင်းဂျာနယ် သတင်းထောက်များ၊ အယ်ဒီတာများ၊ ၈၈မျိုးဆက်ကျောင်း သား ခေါင်းဆောင်ကိုမင်းကိုနိုင်နှင့် အဖွဲ့များ၊ ဂျာနယ်ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့သည် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် နိုင်ငံတော်အကြီးအကဲများအား(ရင်နှင့်အမျှ)ကျေးဇူးတင်ကြောင်း ဖြင့်ဖော်ပြထားကြောင်းသိရ သည်။
Ref: Popular Myanmar News Journal
No comments:
Post a Comment