မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်တို့က ပူးပေါင်းချီးမြှင့် သည့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများကို ချီးမြင့်ရာ အကောင်းဆုံး (အမျိုးသား) အားကစားသ မားဆုကို ၀င်းထိုက် (လက်ရွေးစင်လှေလှော်ကစားသမား)၊ အကောင်းဆုံး (အမျိုးသမီး) အားကစား သမားဆုကို မအောင်ငှိမ်း(မြားပစ်အားကစားသမ) ၊ အထူးဂုဏ်ပြုအားကစားသမားဆုကို ထွန်းမင်း (ကာယဗလ)နှင့် အအောင်မြင်ဆုံးအားကစားနည်းအဖြစ် လှေလှော်အားကစားအဖွဲ့ချုပ်တို့က အသီးသီးဆွတ်ခူးသွားသည်။
ဝင်းထိုက်သည် ပြီးခဲ့သည့် ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းတွင်
ကနူးလှေပြိုင်ပွဲမှ ငွေတံဆိပ် ၃ ခု ၊ကြေးတံဆိပ် ၁ ခု
နိုင်ငံအတွက် ရယူပေးနိုင်ခဲ့ပြီး၊
မအောင်ဌိမ်းသည် မြားပစ်အားကစားနည်းမှ ရွှေတံဆိပ် သုံးခု
ဆွတ်ခူးပေးနိုင်ခဲ့သည်။ အထူးဆုချီးမြှင့်ခံရသည့်ထွန်းမင်းသည်
အာရှတံခွန်စိုက်ကာယဗလပြိုင်ပွဲ ကီလို ၆၀ တန်းတွင် ငွေတံဆိပ် နှင့်
ကမ္ဘာ့တံခွန်စိုက်ကာယဗလပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သူဖြစ်သည်။
အင်ဒိုနီးရှားဆီးဂိမ်းတွင် နိုင်ငံအတွက် ရွှေတံဆိပ် ၁၀ ခု ၊ ငွေ ၆ ခု ၊ ကြေး ၃ ခု ရရှိခဲ့သည့် မြန်မာ့လှေလှော် အားကစားအဖွဲ့ချုပ်သည် ၂၀၁၁ ခုနှစ် အတွက် အအောင်မြင်ဆုံးအားကစားနည်းအဖြစ် ဂုဏ်ပြုချီးမြှင့်ခံ ရခြင်းဖြစ်သ ည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၃ ရက်၊ ည ၇ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။ အကောင်းဆုံးအားသမားဆုရရှိသူအား ငွေကျပ်သိန်း ၂၀ ၊ အထူးဆုရရှိသူ အား ငွေကျပ် ၆ သိန်း၊ အအောင်မြင်ဆုံးအားကစားနည်းအား ဆုတံဆိပ်များ ချီးမြင့်မည်ဖြစ်သည်။
အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှ င့် မြန်မာနိုင်ငံအားကစားကလောင်ရှင် များအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၃ ရက်၊ ည ၇ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။ အကောင်းဆုံးအားသမားဆုရရှိသူအား ငွေကျပ်သိန်း ၂၀ ၊ အထူးဆုရရှိသူ အား ငွေကျပ် ၆ သိန်း၊ အအောင်မြင်ဆုံးအားကစားနည်းအား ဆုတံဆိပ်များ ချီးမြင့်မည်ဖြစ်သည
အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအန
Ref: 7day News Journal
No comments:
Post a Comment