လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်သည့်အနေဖြင့်
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် အဆောက်အအုံအ၀င်ဝတို့တွင် X Ray
စက်များတပ်ဆင်လိုက်ပြီး ယနေ့ (သြဂုတ် ၆ ရက်) မှ စတင်ကာ
လွှတ်တော်အဆောက်အအုံများအတွင်း ၀င်ရောက်သူများ X Ray ဖြတ်ပြီးမှသာ
ဝင်ကြရကြောင်း သိရှိရသည်။
လွှတ်တော်အဆောက်အအုံ ၀င်းအ၀င်ဝတွင်လည်း ယခင်ကပင် X Ray
စက်တပ်ဆင်ထားပြီးဖြစ်သော် လည်း ယခုအခါ အတွင်းဂိတ်တွင်ပါ
ထပ်မံတပ်ဆင်လိုက်သည့်အတွက် နှစ်ကြိမ် ဖြတ်သန်းစေသည့် သဘောဖြစ်သည်။

ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးမှစ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၏ လုံခြုံရေး အတွက် လွှတ်တော်အ၀င်တွင်သာမက လွှတ်တော်အစည်းအဝေး
အဆောက်အအုံအတွင်းပိုင်းတွင်ပါ မီဒီယာသမားများအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များကိုပါ လုံခြုံရေး တိုးမြင့်စစ်ဆေးနေကြောင်းသိရ သည်။
Ref: Popular Myanmar News Journal, 7day news journal.
No comments:
Post a Comment