ကျိုတို၊ သြဂုတ် - ၂၃
ဂျပန်နိုင်ငံ၏ အကြီးစားစက်မှုလုပ်ငန်းကြီးတစ်ခု ဖြစ်သော မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် နေပြည်တော်၌ လာမည့် စက်တင်ဘာ ၁ ရက်တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်သွားမည်ဖြစ်သည်။။ ၁၉၅၄ မှစ၍
ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ထားသော မစ်ဆူဘီရှီသည် ဖိုင်ဘာပစ္စည်းများ၊
စားသောက်ကုန်များ၊ သံမဏိနှင့် စက်ယန္တရား ထုတ်ကုန်များကို
ကုန်သွယ်မှုဆောင်ရွက်နေပြီး၊ ကော်ပိုရေးရှင်းသည် နေပြည်တော်တွင်
ရုံးခွဲထပ်မံဖွင့် လှစ်ခြင်းအားဖြင့် ၄င်းတို့လုပ်ငန်းအတွက် သတင်းအချက်အလက် စုစည်းမှုများ တိုးမြှင့်လုပ်ဆောင်သွား မည်ဟု ပြောကြားထားသည်။မစ်ဆူဘီရှီ၏ ရုံးဖွင့်ရခြင်းရည်ရွယ်ချက်မှာ ပြည်တွင်းရှိ အခြေခံဆောက်အအုံ
ဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်
ဖြစ်သည်ဟုဆိုသည်။
ဂျပန်နိုင်ငံ၏ အကြီးစားစက်မှုလုပ်ငန်းကြီးတစ်ခု
Ref: The Japan Times

No comments:
Post a Comment