
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃
ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင် ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး
နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ
ပုလင်းခွံအိတ်ခွံ ကဲ့သို့သော စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရန်အတွက်
စက္ကူ၊ သံတိုသံစနှင့် ပလပ်စတစ်ပစ္စည်း များကို တစ်သီးတစ်ခြားစီ
ခွဲခြားသန့်စင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ကနဦး စစ်ဆေးချက်များအရ
သိရှိရသည်။
“ပစ္စည်းရွေးပြီး သန့်စင်နေတုန်း ပေါက်ကွဲသံတစ်ခုကြားရပြီး မီးခိုးတွေ
လုံးတက်လာတာပဲ။ ဒါနဲ့အိမ်ထဲ ၀င်ပြေးမိတယ်။ အဲဒီအနီးအနားမှာ ကလေးတွေ
ပြေးဆော့နေတာတော့ရှိတယ်။ ဘယ်နှစ်ယောက်ရှိတယ် ဆိုတော့ တိတိကျကျမသိဘူး။
ကျွန်တော်က ညာဘက်လက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာလောက်ပဲ ရတယ်။
ချုပ်တော့မချုပ်ရဘူး။ ကလေးတစ်ယောက်ကတော့ ဆေးရုံပို့ထားရတယ်”ဟု
ကိုခိုင်မင်းထွန်း က ပြောပါသည်။
“၂၈ နှစ်အရွယ်နဲ့ ၃ နှစ်အရွယ် ယောင်္ကျားလေးနှစ်ယောက် ဒဏ်ရာရတယ်။
တစ်ယောက်က လက်မှာပြတ် ရှဒဏ်ရာရခဲ့ပြီး ၃ နှစ် အရွယ်ကလေးကတော့
နားနှာခေါင်းလည်ချောင်းဆေးရုံမှာ ကုသမှုခံယူနေ ပါတယ်။ ပေါက်ကွဲသံက
တော်တော်ကျယ်ပေမယ့် အတိအကျတော့ မပြောနိုင်သေးဘူး။ သူတို့ပြော ဆိုချက်အရ ကွန်ကျူး (ပီဗွီစီ)
ပိုက်ထိပ်မှာပါတဲ့သံပိတ်ကို ထုရိုက်ပြီးခွဲထုတ်ရင်း မီးခိုးတွေ
ထွက်လာ တယ်။ နောက်တော့ ပေါက်ကွဲမှုဖြစ်တာလို့ သိရတယ်”ဟု အခင်းဖြစ်ပွားရာသို့
ရောက်ရှိနေသော တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားရာသို့ စစ်ဘက်ရဲဘက်နှင့် ဒေသဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိ သူများက စစ်ဆေးရှင်းလင်းမှုများ
ပြုလုပ်လျက်ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ လေ့လာဖော်ထုတ်မှု များ
ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ
မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)ရဲစခန်းအပိုင်တွင်
ဖြစ်သောကြောင့် အဆိုပါရဲစခန်းမှ အရေးယူဆောင် ရွက်မှုများကို
ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment