Sunday, August 5, 2012

စစ်တွေတက္ကသိုလ် ယနေ့ ပြန်ဖွင့်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ယာယီပိတ်ထားခဲ့ရသော စစ်တွေတက္ကသိုလ် ယနေ့ သြဂုတ်လ (၆)ရက်နေတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၂၅၉ ဦးရှိပြီး ယနေ့ ကျောင်းတက်သူ ၇၀ ဦးခန့် ရှိကြောင်းနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၂၀၂ ဦးရှိကြောင်း သတင်းရရှိပါသည်။

စစ်တွေတက္ကသိုလ် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

Ref: Eleven Media Group

No comments:

Post a Comment