Wednesday, December 19, 2012

နွေမပေါက်ခင် အသေဖြောင့်အောင် ဆုတောင်းကြရတော့မည့် ကေအိုင်အေများ

ငြိမ်းချမ်းရေး ဖော်ဆောင်မည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့မှ ညှိုနှိုင်း ဆောင်ရွက်နေစဉ်မှာလဲ ကေအိုင်အေတို့ဘက်မှ စစ်ရေးအရ လှုပ်ရှားတိုက်ခိုက်မှုတွေ လုပ်ခဲ့သည်။ ပြည်တွင်းတွင် မီဒီယာများ သတင်းရေးစရာမရှိလို့ ကချင်ပြည်နယ်ထိတက်ပြီး သတင်းရှာခဲ့ ချိန်မှာတော့ ကေအိုင်အေတို့ရဲ့ ထိခိုက်ကျဆုံးမှုသတင်းများ ရှိခဲ့ဖူးပေမယ့် နောက်ပိုင်းတွင် ကေအိုင်အေတို့ တိုက်ပွဲတွင် သေဆုံးသည် မရှိတော့။ မြန်မာ့တပ်မတော်သားများသာ ကျဆုံးနေသည့် ဆိုသည့်နောက် ကေ အိုင်အေမှ ကျဆုံးသောင်းကျန်းသူများ ဘယ်နေရာတွင် သွားသေကုန်ကြပါသလဲ။
စစ်ပွဲတစ်ခုဖြစ်သည်နှင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းရှိသည်မှာ တပ်မတော်သားများအတွက် အဆန်းမဟုတ်။ ကိုယ့်တိုင်းပြည်၏ ဒို့တာဝန်အရေး(၃)ပါးကို ဆောင်ရွက်ရင်း အသက်ပေးခဲ့သည့် စစ်သည်တို့၏ ၀ိဥာဉ်များ မြန်မာနိုင်ငံအနှံ့လက်ညှိုးထိုးမလွဲ။ ဒါပေမယ့် အတင်းအဓမ္မ လူသစ်စု၊ ဆက်ကြေးကောက်ပြီး အာဏာတစ်ခုအတွက် စီးပွားရေးဆန်သည့်စစ်ပွဲဆင်နွှဲသည့် ကေအိုင်အေ တို့အတွက်ကား သေဆုံးခြင်း သည် တိရိစ္ဆာန် တစ်ကောင်လောက်မျှ တန်ဖိုးမရှိ။


စုထားသည့် လူများကလည်း မနည်းလှ။ ထိုစုဆောင်းထားသည့်လူများ တိုက်ပွဲတွင် အထိအခိုက် အကျအဆုံးမရှိပါက ယခု လိုင်ဇာ ၅ မိုင်ပတ်လည်အတွင်း ခြေချစရာတောင် နေရာရှိမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကေအိုင်အေတို့အတွက် သေဆုံးပေးရသည့်စစ်သားများမှာ ကေအိုင်အေလို့ အမည်မတပ်ရဲသည့် နေရာမျိုးစုံမှ အတင်းစုဆောင်းထားသည့်သူများမို့လို့ပဲ ဖြစ်ပါတယ်။ ကချင်ဖြစ်လျှင် ရွာသူရွာသားဆို၍ လုပ်တယ်၊ ကချင်မဟုတ်လျှင် လူမသိ သူမသိ သေဆုံးပြီး ဖျောက်ဖျက်လိုက်ခြင်း သာ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်မှ စခန်းတစ်ခု သိမ်းပြီးတိုင်း ကေအိုင်အေတို့၏ အလောင်းများကို မြုပ်နှံပေးခဲ့ရသည်မှာ မနည်းလှ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်နက်ကြီးများကြောင့် သေဆုံးသည့် အရေအတွက်မှာ ရာဂဏန်း မကသည်ကို ကေအိုင်အေတို့ ဘာကြောင့် ဖုံးကွယ်ထားသနည်း။ လေယာဉ်ဖြင့် ပစ်သည်တွင် မသေ သည့် နောက်တော့ ကေအိုင်အေဆိုသည်မှာ နျူကလီးယားဗုံးကွဲလျှင်ပင် အသက်ရှင်ကျန်ရစ်မလို ဖြစ်နေ သည်။ လေယာဉ်မှ ၅ မိနစ်ပစ်ခြင်းသည် မြေပြင်မှ ၁ နာရီ ပစ်ခြင်းလောက်နှင့် နှိုင်းယှဉ်၍ ရသည်။ ထိုကြောင့် သေနတ်ကြောင့် သေသည့်ကေအိုင်အေများ ဘယ်ကိုရောက်ကုန်ပြီလဲ။ လက်နက်ကြီး များကြောင့် သေသည့်ကေအိုင်အေများ ဘယ်ရောက်ကုန်ပြီလဲ။
စခန်းများမှလည်း ဆုတ်ခွာပေးနေရသည်။ စုဆောင်းထားသည့် လူသစ်များလည်း ဘယ်ရောက်သည် မသိ။ ကချင်ပြည်နယ် ကျေးရွာများမှ လူများ၊ ကချင်ပြည်နယ်တွင် အလုပ်လာလုပ်သည့် သူများ ၊ ရှိသမျှ ယောကျာ်း၊ မိန်းမများကို စုဆောင်းထားသည့် ကေအိုင်အေအဖို့ လိုင်ဇာကျတောင် သေဆုံးမည့် စာရင်းမရှိသေး။ မြန်မာ့တပ်မတော်မှလည်း ဆက်လက်သည်းခံတော့မည်မဟုတ်။ ဆက်လက် ၀ါဒဖြန့်လေ မြန်မာ့တပ်မတော်၏သည်းခံနိုင်မှုကို ဖျက်ဆီးလေ ဖြစ်ကာ ကေအိုင်အေတို့ ပြေးပေါက် ရှာကြရတော့မည်။
ခိုင်လုံသော သတင်းများအရ ကေအိုင်အေတို့ နွေမပေါက်ခင် အသေဖြောင့်အောင် ဘုရားသခင်ထံမှာ ဆုတောင်း ကြရတော့ပေမည်။ ထိုအခါမှသာ အမည်မဲ့၊ စာရင်းမဲ့ သေဆုံးခဲ့ရသည့် ကေအိုင်အေ အသုံးချခံ များအတွက် မြန်မာ့တပ်မတော်သားများက ဆုတောင်းပေးကြတော့မည် ဖြစ်သည်။

No comments:

Post a Comment