ယနေ့ ( ၁၈-၁၂-၂၀၁၂ ) ရက်နေ့ နံနက် ( ၄ ) နာရီဝန်းကျင်တွင်
ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA အင်အား ( ၇၀ ) ခန့်
လာရောက်တိုက်ခိုက်ရာ ရဲစခန်းကျဆုံးသွားပြီး ရဲတပ်သား ( ၁ )ဦးကျဆုံးသွားကြောင်း သိရသည်။
KIA မှ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ထိခိုက်ဒါဏ်ရာရသူ များပြားပြီ ကာမိုင်းဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသည်ဟု သိရသည်။ ရဲစခန်းအနီး နေထိုင်သူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲစခန်းအနီး ထီရောင်းချသူတစ်ဦးထံမှ သိရသည်။
ကာမိုင်းအထွက်အင်းတော်ချောင်း
တံတားကိုလည်း KIA မှ ဖျက်ဆီးသွားကြောင်း သိရသည်။ ကားေ
လးများသာ သွားနိုင်တော့ပြီး ကားကြီးများ သွားလာနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။ ဒီဇင်ဘာလအတွင်းတွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေရာမှ ယခုပြန်လည် ဖြစ် ပွားခြင်းဖြစ်သည်။
Ref: Eleven Media Group
Ref: Eleven Media Group
No comments:
Post a Comment