
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတစ်နေရာကို မြန်မာဘက်ခြမ်းမှ တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လူဝင်လူထွက်မရှိရအောင်
တားမြစ်လိုက်ပြီဖြစ်ကြောင်းနှင့် မောင်တော အမှတ် (၁) လူဝင်လူထွက်ဂိတ်အပါအ၀င်
နယ်စပ်တစ်လျှောက်ရှိ ဂိတ်အားလုံးကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ
စတင်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
“အခု နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ပိတ်လိုက်တာဟာ အမေရိကန်သမ္မတ
မြန်မာနိုင်ငံကိုလာတဲ့နေ့နဲ့ တိုက်ဆိုင်နေတယ်။ နောက်တစ်ချက်က
ပျောက်ဆုံးနေတဲ့ ဂျီအီးတပ်သားသုံးဦး ကိစ္စနဲ့လည်း ဆက်စပ်နိုင် ပါတယ်။
အခုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်” ဟု
မောင်တောမြို့ခံတစ်ဦးက ပြောကြား သည်။
လူဝင်လူထွက်ကို ပိတ်ထားလိုက်ခြင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊
မောင်တောမြောက်ပိုင်းတွင် ဖြစ်ပွား ခဲ့သည့် ခြံစည်းရိုးဆောက်လုပ်ရေး
လုပ်ငန်းမှတပ်သားများ ပစ်ခတ်သေဆုံးအဖမ်းခံရမှုများနှင့်
သက် ဆိုင်ကြောင်းလည်း သိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ
လက်နက်ကိုင်များက ရှောင်တခင် ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့်
မြန်မာနိုင်ငံဘက်မှ နယ်စပ်အထူးဆောက်လုပ်ရေး ဂျီအီးတပ်မှ တပ်ကြပ်ကြီးတစ်ဦး
အပါအ၀င် သုံးဦးပျောက်ဆုံးပြီး တစ်ဦးသေဆုံးမှု
ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် မြန်မာ လုံခြုံရေးတပ်များနှင့်
ဘင်္ဂလားဒေ့ရှ်ဘက်မှ လုံခြုံရေးတပ်များ နှစ်ဖက်ဆွေးနွေးမှုများ ရှိခဲ့ကြောင်း
သိရှိရပါ သည်။
နိုဝင်ဘာလ ၁၁ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ
လက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာ လုံခြုံရေးတပ်များ အပြန်အလှန်ပစ်ခတ်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ပျောက်ဆုံးနေသူများ ပြန်လည်ရရှိနိုင်ရေးအတွက်
နှစ်ဖက်လုံခြုံရေးတပ်များ အပြန် အလှန်ဆွေးနွေးမှုများ ရှိသော်လည်း
နှစ်ပတ်ခန့်ကြာလာသည့်တိုင် ပျောက်ဆုံးနေသူများ၏ သတင်းအစ အန မရရှိသေးသဖြင့်
လူဝင်လူထွက်ကို ကန့်သတ်ထားလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် နယ်စပ်များအတွင်း ကျူးကျော်လာသူများဟု စွပ်စွဲကာ
ဘင်္ဂါလီများအား လိုက်လံဖမ်းဆီးပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့
တရားမ၀င်လမ်းကြောင်းမှ ပို့ဆောင်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေစိုက်
ဘီဂျီဘီတပ်အမှတ် (၁၇) မှတပ်ရင်းမှူး ခါလေကူဇ္ဖာမာန်၏ ပြောကြား ချက်ကို
ကိုးကားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ၀က်ဘ်ဆိုက်များတွင်
ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Ref: Eleven Media Group
No comments:
Post a Comment