Tuesday, December 11, 2012

 ရန်ကုန်မြို့တော်၏ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဆေးချယ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်းနှင့် စာလုံးရေးခြင်းများ မပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်မှ အမိန့်စာထုတ်ပြန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများ တွင် ဆေးရောင်စုံများ အသုံးပြု၍ ဆေးခြယ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်း၊ စာလုံးရေးသားခြင်းများ မပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ တစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသာယာလှပပြီး စနစ်ကျနသည့် မြို့တော်အဖြစ် တည်ဆောက်လျက်ရှိရာ အချို့သော မြို့တော်သူ၊ မြို့တော်သားများသည် ဆေးရောင်စုံများ အသုံးပြု၍ မြိုတော်နယ်နိမိတ်အတွင်း၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ၊ ယင်းတို့၏ အစိတ်အပိုင်းများ၊ လမ်းတံတားနှင့် စာသင်ကျောင်းများ၊ ပန်းခြံ၊ ဈေးများ၊ အားကစားကွင်းများ၏ ခြံစည်းရိုးများတွင် အကျည်းတန် အရုပ်ဆိုးစေသော စာလုံးများ၊ ရုပ်ပုံများ ရေးဆွဲခြင်းဖြင့် မြို့တော်သန့်ရှင်းသာယာလှပရေးကို ထိခိုက်စေပြီး ပြည်သူများ စိတ်ငြိုငြင်စေမှုကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ သို့ပါ၍ စည်းကမ်းမလိုက်နာသူများ၏ စည်းကမ်းမဲ့မှုများမှ ကာကွယ်နိုင်ရန် အလို့ငှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါအမိန့်ကို ထုန်ပြန်လိုက်သည်။

ယင်းကဲ့သို့ အမိန့်ထုတ်ပြန်မှုနှင့် အမိန့်ပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ထုတ် ပြန်ကြေငြာထားကြောင်း သိရှိရသည်။

No comments:

Post a Comment