
စည်းကမ်းမဲ့ယာဉ်များအား အရေးယူရန် ရွှေဂုံတိုင်မီးပွိုင့်တွင် တပ်ဆင်ထားသော စီစီတီဗီကင်မရာများကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ
တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန်
စီစဉ်သွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ
ရဲချုပ်ကျော်ကျော် ထွန်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင်
လုံခြုံရေးကင်မရာ တပ်ဆင်သွားရန်အတွက် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ပနိုင်ငံအချို့မှ
ကုမ္ပဏီများနှင့် ဆွေးနွေးမှု များ ပြုလုပ်နေပြီဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက
ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်က “ရန်ကုန်တိုင်းထဲမှာရှိတဲ့
လမ်းမတွေအားလုံးမှာ လုံခြုံရေးကင်မ ရာတွေ တပ်ဆင်ပြီးတော့
ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးဖို့ ၂၀၁၀ ပြည့်နှစ်ကတည်းက
စီစဉ်ထားပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်အောင်
ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အခုလည်း ပြန်လည်ဆောင်ရွက်ဖို့ကို
စီစဉ်နေပါပြီ” ဟု ပြောကြားခဲ့သည်။
“ရဲတပ်ဖွဲ့တွေအနေနဲ့ လုပ်စရာတွေ အများကြီးရှိတယ်။
ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ကလည်း အရေးကြီးတဲ့
ကဏ္ဍတစ်ခုပါ၊၊ ငွေကြေးရှိမယ်ဆိုရင်တော့ အများကြီးလုပ်သင့်ပါတယ်” ဟု
ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment