
ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးအဖြစ်
အမေရိကန်သမ္မတအိုဘားမား လာရောက် လည်ပတ်ခဲ့စဉ်က
အဆင့်မြင့်ပညာရေးနှင့်ပတ်သက်ပြီး ကတိပေးပြောကြားခဲ့ပြီးနောက်
အပြည်ပြည်ဆိုင်ရာ ပညာရေးအဖွဲ့အစည်း (IIE) မှ အမေရိကန်
အဆင့်မြင့်ပညာရေးအဖွဲ့အစည်းကိုးခု ပူးပေါင်းပါဝင်သည့် အစီအစဉ်ကို
စတင်လုပ်ဆောင်လိုက်ကြောင်း သိရသည်။
အဆိုပါပညာရေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့်
ပူးပေါင်းဆောင်ရွက်ရန် စီစဉ် ထားပြီး မြန်မာနိုင်ငံ၏ အဆင်မြင့်ပညာရေးစနစ်
ပြန်လည်တည်ဆောက်ရာတွင်လည်း ကူညီထောက်ပံ့ မည် ဖြစ်သည်။ ပူးပေါင်းပါဝင်မည့်
အမေရိကန်တက္ကသိုလ်များမှာ American University, Arizona State University,
Ball State University, Hawaii Pacific University, Northern Illinois
University, Northern Arizona University, Samford University, University
of Massachusetts Lowel နှင့် University of Washington တို့ဖြစ်ပြီး
အဆိုပါ အမေရိကန်ကောလိပ်နှင့် တက္ကသိုလ်ကိုးခု သည် မြန်မာနိုင်ငံဆိုင်ရာ
International Academic Partnership Program (IAPP)
၏အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း IIE မှကြေညာခဲ့သည်။ အဆင့်မြင့်ပညာရေးအတွက်
IIE ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစင်တာကို IAPP
မှစီမံအုပ်ချုပ်ပြီး ရွေးချယ်ထားသည့် ကျောင်းကိုးခုမှာ မြန်မာနိုင်ငံရှိ
တက္ကသိုလ်များနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် ညွှန်ကြားချက်များနှင့်
စိတ်ဝင်စားမှုတို့အပေါ် အခြေခံ ကာ ရွေးချယ်ထားခြင်းဖြစ်သည်ဟု သိရသည်။
ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးစနစ်နှင့် ပတ်သက်၍
တွေ့ဆုံမေးမြန်းမှု နှစ်ကြိမ်ပြုလုပ်ရန် IIE မှစီစဉ်ထားပြီး အဆိုပါ
တွေ့ဆုံဆွေးနွေးမှုအတွက် အဖွဲ့ဝင် ၁,၀၀၀ ရှိသည့် IIE Network မှတက္ကသိုလ်များ
ပါဝင်ရန် ဖိတ်ကြားမည်ဟုသိရသည်။
ရေးသားသူ -နောင်နောင်
ရေးသားသူ -နောင်နောင်
Ref: Myanmar Internet Journal
No comments:
Post a Comment