ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်းတရားကြီး
စိုးစံခဲ့သော အိန္ဒိယနိုင်ငံ မဟာရာဖတ်ပြည်နယ်၊ ရတနာဂီရိရှိ
သီပေါစံအိမ်တော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ
အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း
အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန အတွင်းရေးမှူး
Mr.A.K.Upad- hyay က ပြောကြားခဲ့သည်။
အဆိုပါ သီပေါမင်းတရားကြီး၏ စံနန်းတော်ကို အိန္ဒိယနိုင်ငံမှ
ငွေကြေးစိုက်ထုတ်ကာ ပြင်ဆင်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း Mr.A.K.U pad-hyay က ဒီဇင်ဘာလ ၁၃ ရက်နေ့၌ မန္တလေးမြို့ ရွှေပြည် သာ ဟိုတယ်တွင် ပြုလုပ်သည့်
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်း
ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
''ရတနာဂီရိမှာရှိတဲ့ မြန်မာပြည်က သီပေါဘုရင်ရဲ့ စံနန်းတော်ကို
ကျွန်တော်တို့ အိန္ဒိယပါလီမန် ကနေ ငွေကြေးစိုက်ထုတ်ပြီးတော့
ခမ်းခမ်းနားနားနဲ့ အကြီးစားပြင်ဆင်မှုတွေကို လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်။
ဒီလို ပြင်ဆင်မှုတွေ လုပ်လိုက်ခြင်း အားဖြင့် မြန်မာပြည်သူတွေအနေနဲ့
လေ့လာ ဖို့ရာ နေရာတစ်ခုဖြစ်သွားသလို ကျွန်တော်တို့နိုင်ငံအတွက်လည်း
ဂုဏ်ယူစရာဖြစ်ပါတယ်။ ကျွန်တော် တို့ နှစ်နိုင်ငံဟာဆိုရင်
ကိုလိုနီရဲ့လက်အောက်မှာ အတူဖြတ်သန်းလာခဲ့ကြရတဲ့ နိုင်ငံတွေလည်း ဖြစ်ပါ တယ်။
အဲဒီအချိန်တွေတုန်းက အနောက်နိုင်ငံတွေကို ကျွန်တော်တို့တစ်တွေ
မျှော်ကြည့်ခဲ့ရပါတယ်။ အခုတော့ အရှေ့ဘက်က အာရှနိုင်ငံတွေကို
မျှော်ကြည့်ရမယ့်အချိန်ကို ရောက်လာပါပြီ''ဟု အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့မှ
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Mr.A.K.Upad-hyay က
ပြောကြားသည်။
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းတရားကြီးသည်
မြန်မာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် နန်းတက်ခဲ့ပြီး နန်းစံနှစ်မှာ ၇
နှစ်ဖြစ်သည်။ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် (ခရစ်နှစ် ၁၈၈၅
ခုနှစ်၊နိုဝင်ဘာလ ၂၉ရက်) နေ့တွင် အင်္ဂလိပ်အစိုးရမှ အိန္ဒိယနိုင်ငံ
ရတနာဂီရိမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သမိုင်းမှတ် တမ်းများအရ
သိရပါသည်။
Ref: Eleven Media Group
No comments:
Post a Comment