လမ်းအကွေ့ရှိ ယာဉ်ထိန်းရဲ အဆောင်ငယ်ပါ ပြားပြားဝပ်ပျက်စီးသွားပုံ

ဒေါပုံမြို့နယ်၊ ဗန္ဓုလတံတား အဆင်းတွင် ယာဉ်ကိုးစီးဆင့်တိုက်မှု
ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့၊ နေ့လည် ၁၁နာရီ ၄၅မိနစ်
အချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ နစ်ဆန်းဒီဇယ်ထရပ် အဖြူဝါရောင်ယာဉ်သည်
ယမုံနာလမ်းဆုံမီးပွိုင့်အနီး အရောက် တွင် ၄င်းရှေ့မှမောင်းနှင်လာသည့်
ယာဉ်ငါးစီးအား နောက်မှအဆင့်ဆင့်တိုက်မိကာ အရှိန်လွန်၍ မျက်နှာ ချင်းဆိုင်မှ
မီးစိမ်း၍ ဗန္ဓုလတံတားဘက်သို့ လက်ဝဲဘက်မှချိုး ကွေ့မောင်းနှင်လာသော
ယာဉ်သုံးစီး တို့အား ထပ်မံတိုက်မိခဲ့ကာ လမ်းဆုံမီးပွိုင့်ရှိ
ယာဉ်ထိန်းနားခိုတဲအား ထပ်မံ၍တိုက်မိခဲ့ကြောင်း သိရှိရ သည်။
“ ယာဉ်တိုက်မှုဖြစ်ပြီး ခဏ လောက်ကြာမှ ကျွန်တော်က ရောက် လာတာပါ။
ကားကိုးစီးဆင့် တိုက်တယ် လို့တော့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေကိုလည်း
ဆေးရုံကိုခေါ်ဆောင်သွားပါတယ်။ ဒဏ်ရာရရှိသူတွေ များမယ် ထင်ပါတယ်” ဟု
ယင်းဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့သူတစ်ဦးမှ ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှင့် အပြင်းအထန်ဒဏ်ရာရရှိမှုများရှိခဲ့ကာ ၁၁ ဦးမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် တင်ပို့ခဲ့ရပြီး ဆေးကုသမှု ခံယူလျက်ရှိသူ တစ်ဦးမှာ
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆေးကုသမှုခံယူနေစဉ်
သေဆုံး သွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့်
ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဗန္ဓုလတံတားအဆင်း နေရာသည် ယာဉ်များ
မကြာခဏ ယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်ကြောင်းလည်း သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment