
ပြည်ထောင်စုလွှတ်တော်ခန်းမမှ ပြည်သူ့လွှတ်တော်ခန်းမသို့ လွှတ်တော်ကိုယ်စားလှယ်များ ပြောင်းရွှေ့နေကြစဉ်
ထိုင်းနိုင်ငံမှ အခမဲ့ကူညီသည့် ၁၂၀ မဂ္ဂါဝပ် ဂတ်စ်တာဘိုင်မီးစက်နှစ်လုံး သယ်ယူရေးနှင့်ပတ်သက် ၍ ဆွေးနွေးနေစဉ် ခေတ္တမီးပြတ်တောက်ကာ အသံစနစ်ချို့ယွင်းသွား၍ ပြုလုပ်ဆဲ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြည်သူ့လွှတ်တော်ခန်းမအတွင်းသို့ ပြောင်းရွှေ့ပြုလုပ်ခဲ့ရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်
ပုံမှန်အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ အခမဲ့ကူညီသော မီးစက်နှစ်လုံးကို
မြန်မာနိုင်ငံသို့ သယ်ယူရန်အတွက် ကုန်ကျစရိတ်များနှင့် ပတ်သက်၍
သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းမှဆွေးနွေးစဉ် လျှပ်စစ် မီး ပြတ်တောက်သွားခြင်းဖြစ်ပြီး အသံစနစ်ချွတ်ယွင်းကာ
ထိုသို့ပြောင်းရွှေ့ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါနေ့တွင် ပြုလုပ်ရန်လျာထားသော ပြည်သူ့လွှတ်တော်
ပုံမှန်အစည်းအဝေးကိုလည်း ပြုလုပ် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း
သိရသည်။
အဆိုပါမီးစက်နှစ်လုံးကို ထိုင်းနိုင်ငံမှ အခမဲ့ကူညီမည်ဖြစ်သော်လည်း
ရန်ကုန်ဆိပ်ကမ်းမှ စက်တပ်ဆင်မည့် အင်းစိန်ရွာမသို့ သယ်ယူစရိတ်နှင့်
စက်တပ်ဆင် ကုန်ကျစရိတ်ကိုမူ မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၁၆၂ သန်း
အကုန်ကျခံရမည်ဖြစ်ပြီး သယ်ယူတပ်ဆင်စရိတ်မှာ ပိုမိုများပြားနေကြောင်း
ဦးဝင်းသန်းက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ ၁၂၀ မဂ္ဂါဝပ် ဂတ်စ်တာဘိုင်မီးစက်နှစ်လုံးအား
မြန်မာနိုင်ငံသို့ အခမဲ့ကူညီမည်ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့သို့
အဓိကဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း
လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာလ
၂၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင်
ပြောကြားချက်အရ သိရသည်။
အဆိုပါစက်များအား ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမတွင်
တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စက်နှစ်လုံး၏ တစ်နေ့တာမောင်းနှင်ရန်အတွက်
သဘာဝဓာတ်ငွေ့ ကုဗပေ ၈၀ သန်း လိုအပ် မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ၁၉၅၅
ခုနှစ်တွင် တည်ဆောက်ခဲ့သော်လည်း အရန်ဓာတ်အားပေးစက် အဖြစ်သာ အသုံးပြုထား
သည့်စက်ဖြစ်ကြောင်း၊ စက်အသုံးပြုနိုင်သည့် သက်တမ်းမှာ
နှစ်သုံးဆယ်ခန့်ဖြစ်ပြီး လက်ရှိအထိ ၁၇ နှစ်အတွင်း မောင်းချိန် ၁၄၄၀၀ နာရီ ၁
ဒသမ ၈၂ နှစ်ခန့်သာ အသုံးပြု ထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နောက်ထပ်
၂၈ နှစ်ခန့် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ကာ ဓာတ်အား ၂၄၀ မဂ္ဂါဝပ်
ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်နှစ်လုံး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်ရှိပြီး
MitsubishiM701D ဒီဇယ်ဆီဖြင့် မောင်းနှင်ရသော စက်အမျိုးအစားဖြစ်ကာ
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ဖြင့် အသုံးပြုမည်ဖြစ်သောကြောင့်
ပြန်လည်ပြင်ဆင် အသုံးပြုရမည် ဖြစ်သည်။
ယင်းစက်နှစ်လုံးအား ထိုင်းနိုင်ငံမှ အခမဲ့ကူညီမည်ဖြစ်သော်လည်း
ရန်ကုန်ဆိပ်ကမ်းမှ စက်တပ်ဆင်မည့်နေ ရာသို့ သယ်ယူစရိတ်နှင့် စက်တပ်ဆင်
ကုန်ကျစရိတ်ကိုမူ မြန်မာအစိုးရကသာ ကျခံရမည်ဖြစ်ကြောင့်
သယ်ယူတပ်ဆင်ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၁၆၂ သန်းနှင့် မြန်မာကျပ်သန်း
၁၃၀၀ အား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားမှုကို လွှတ်တော်မှ
အတည်ပြုပေးပါရန်လည်း တင်ပြထားခြင်း လည်း ဖြစ်သည်။
လွှတ်တော်မှ ကုန်ကျစရိတ်များအား အတည်ပြုပေးပြီး ထိုင်းနိုင်ငံ STFE
ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ပထမအရစ် ငွေစတင်ပေးချိန်မှစ၍
ခြောက်လအတွင်း ပထမစက်တစ်လုံးကို လည်းကောင်း၊ နောက် ထပ်နှစ်လအတွင်း
ဒုတိယစက်တစ်လုံးကို လည်းကောင်း အပြီးတပ်ဆင်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment