မီးလောင်ပျက်စီးသွားသော Air Bagan လေယာဉ်မှ Black Box (လေယာဉ်ပျံသန်းမှု
မှတ်တမ်းသေတ္တာ) အားရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး စင်ကာပူ နိုင်ငံသို့
ပို့ဆောင်ကာ လေယာဉ်ပျက် ကျမီးလောင်မှု ဖြစ်ပွားခဲ့ရသည့်
အဓိကအကြောင်းအရင်းကို စုံစမ်းဖော်ထုတ်သွားမည်ဟု Air Bagan
လေကြောင်းလိုင်းမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ Black Box (လေယာဉ် ပျံသန်းမှုမှတ်တမ်းသေတ္တာ)အား လေယာဉ်ပျက်ကျ
မီးလောင်မှုဖြစ်ပွား ပြီး နာရီပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
Air Bagan လေကြောင်းလိုင်းသည် နိုင်ငံခြားသားခရီးသည်များအတွက်
ယင်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့်ပူးပေါင်းလျက်
ခရီးသည်များ၏ နိုင်ငံကူးလက်မှတ်များ အမြန်ဆုံးပြန်လည်ရရှိရေး အတွက်
ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
Air Bagan လေကြောင်းလိုင်းသည် လေကြောင်းလိုင်းပိုင်ရှင်၏ဆန္ဒအရ
မြန်မာ့အာမခံလုပ်ငန်းမှ ပြည်ပ၌ Reinsure (တစ်ဆင့်အာမခံ) ပြန်လည်ထားရှိထားသော မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းနှစ်ခုအနက် တစ်ခုအပါ
အ၀င်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် နိုင်ငံတကာခရီးစဉ်များ
ပျံသန်းပြေးဆွဲနေသောကြောင့် စင်ကာပူနိုင်ငံတွင် တစ်ဆင့်အာမခံ ထားရှိပြီး
ကျန်လေကြောင်းလိုင်းများ၏ လေကြောင်းအာမခံအား မြန်မာ့အာမခံလုပ်ငန်းမှသာ
တာဝန်ယူ လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment