လိုင်ဇာ၊ ဒီဇင်ဘာ ၃၁။
တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြသော KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ
KIA ခေါင်းဆောင်ပိုင်းရဲ့
ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင်ချက်တွေကြောင့်
ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။
တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ ထက်တစ်နေ့ ပိုမိုများပြားလာတဲ့အတွက်
KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက် ကို အစောဆုံးဆုတ်ခွာသွားခဲ့သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက် ကို ပြောင်းရွှေ့နေကြပါတယ်။
KIA ခေါင်းဆောင်ပိုင်းတွေရဲ့
ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘောတူညီချက်တွေရှိထားတဲ့အတိုင်း
လိုင်ဇာမှာနေလို့မရတော့တဲ့ အတွက် ပြောင်းရွှေ့နေ ကြခြင်းဖြစ် ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ
လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA
ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ "သူတို့ KIA တွေ ရဲ့ လျှို့ဝှက်ချက်
တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ် တယ်လို့" ပြောပါတယ်။ "ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေ ရှိတယ် ဆိုတာ သူတို့သတိမပြုမိလို့
အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့" လည်း ပြောပြပါတယ်။
KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်း ကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ နဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေ ကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။
Ref: Kachin Daily News

No comments:
Post a Comment