အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ်သည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ
ပြည်သူ့ ရင်ပြင်တွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း
သူ၏၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
''အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ များစွာသော အသိအမှတ်ပြုမှု၊
အလေးထားမှုတွေနဲ့ အတူ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်။ ကွဲပြားမှုရှိတဲ့
ဖျော်ဖြေပွဲတစ်ခုလုပ်နိုင်ဖို့ မျော်လင့်ထားပါ တယ်'' ဟု လူကုန်ကူးမှုနှင့်
ပတ်သက်ပြီး အသိပညာပေးရန်အတွက် လာရောက်ဖျော်ဖြေမည့် ဂရမ်မီဆုရှင် အဆိုတော်
မရက်ဇ် ပြောကြားသည်။
လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနှင့် ပတ်သက်ပြီး
အသိပညာပေးရန်အတွက် MTV EXIT မှစီစဉ်သည့် အဆိုပါဖျော်ဖြေပွဲတွင်
မြန်မာနိုင်ငံမှ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ MTV
EXIT Live in Myanmar ဖျော်ဖြေမှုကို USAID၊ AusAID၊ Walk Free
နှင့် အာဆီယံမိတ်ဖက်အဖွဲ့များနှင့်အတူဖန်တီးခဲ့ခြင်းဖြစ်သည်ဟု MTV EXIT
ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ ယင်းဖျော်ဖြေပွဲကို
မြန်မာနိုင်ငံရှိရုပ်သံလိုင်းနှင့် MTV ရုပ်သံလိုင်းတို့တွင် ၂၀၁၃ ခုနှစ်၌
ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
မရက်ဇ်သည် အလားတူဖျော်ဖြေပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က
ဖျော်ဖြေခဲ့သည်။ လူသားချင်း ခေါင်းပုံဖြတ်မှုတိုက်ဖျက်ရေးအတွက်
လုပ်ဆောင်ခဲ့သူများကို Free the Slaves အဖွဲ့က ဂုဏ်ပြုပေးအပ်ခဲ့ သည့်
Freedom Awards ဂုဏ်ပြုပွဲသို့ ၂၀၀၈ ခုနှစ်တွင် တက်ရောက်ခဲ့ပြီးနောက်
လူကုန်ကူးမှုတိုက်ဖျက်ရေး အကြောင်းအရာကို စိတ်ဝင်စားလာခဲ့သည်ဟု
မရက်ဇ်ကဆိုသည်။

''လွတ်မြောက်မှုကြေညာချက်မှာ အမေရိကန်သမ္မတ လင်ကွန်းလက်မှတ်ထိုးခဲ့တဲ့
အချိန်ကစပြီး ကျွန်စနစ် ကို ဖျက်သိမ်းခဲ့ပြီးပါပြီ'' ဟု အင်တာဗျူးတစ်ခုတွင်
မရက်ဇ်က ပြောကြားခဲ့သည်။ သို့သော်လည်း လတ်တလော ခန့်မှန်းချက်အရ
စီးပွားရေးကျပ်တည်းမှု ကာလအတွင်း (အထူးသဖြင့် တတိယ ကမ္ဘာနိုင်ငံများမှ) လူ ၂၇
သန်းနီးပါးသည် ကျွန်ပြုနေရသည်ဟု သိရှိရကြောင်း ၄င်းကပြောကြားခဲ့ သည်။
မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ပညာပေးရန်၊
အားပေးတိုက်တွန်းရန်နှင့် ချိတ်ဆက်ရန် အခွင့်အလမ်းတစ်ခု ကမ်းလှမ်းသွားမည်ဟု
အသက် ၃၅ နှစ်အရွယ်ရှိ မရက်ဇ်ကဆိုသည်။
ဂျေဆန်မရက်ဇ်သည် ဆန်ဒီယေဂိုးရှိ ကော်ဖီဆိုင်တွင် ဖျော်ဖြေခဲ့ခြင်းဖြင့်
၂၀၀၀ ပြည့်နှစ်တွင် ထင်ရှားလာခဲ့သည်။ ကော်ဖီဆိုင်တစ်ခုတွင်
စီးချက်တူရိယာတီးခတ်သူToca Rivera နှင့် တွေ့ရှိခဲ့ပြီး Live at Java Joes
ကို ဖြန့်ချိခဲ့သည်။ ယင်းနောက် Waiting for my Rocket to Come ကို ၂၀၀၂
ခုနှစ်တွင် ဖြန့်ချိခဲ့သည်။ မရက်ဇ်၏ Mr A-Z နှင့် We Sing. We Dance. We
Steal Thing အယ်လ်ဘမ်တို့သည် စီးပွားရေးအရ အကြီးအကျယ်
အောင်မြင်မှုရရှိခဲ့သည်။The Remedy (I Won’t Worry) “၊I’m Yours၊I won’t
give up စသည့်သီချင်းများမှာ အောင်မြင်သည့်သီချင်းများဖြစ်ပြီးBillboard
200 စာရင်းတွင် ဖော်ပြခံခဲ့ရသည်။ I’m Your သီချင်းသည် စီဒီချပ်ရေ
ငါးသန်းကျော် ရောင်းချနိုင်ခဲ့မှုကြောင့် RIAA မှပေးအပ်သည့် 5x platinum
လက်မှတ် ရရှိခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment