Monday, December 17, 2012

 ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေး

 ha-17-12-6
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီးရုံးခန်းမှ ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရေးပေါ်နှင့် ပြင်ပ လူနာဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာဦးရေနှင့် ကုတင်မျှတမှုရှိ/မရှိ၊ ဆေးရုံသန့်ရှင်းရေး၊ လူနာများစိတ်ကျေနပ်မှုရှိ/မရှိ  စသည်တို့ကို တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် မိသားစုဝင်များ ကိုမေးမြန်းခဲ့ပြီး ဆေးရုံရှိဝန်ထမ်းများကိုလည်း လိုအပ်ချက်ရှိမရှိ မေးမြန်းခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက် တာကျော်ကျော်နှင့် တွေ့ဆုံ၍ ဆေးရုံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို  မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အများပြည်သူမှီခိုအားထားနေရသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၉ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။
သို့သော် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်ကမု ဆေးရုံအဆင့်မြှင့်တင် ရန် ကော်မတီဖွဲ့စည်းရေးနှင့် ပတ်သက်၍ ညွှန်ကြားမှုတစ်စုံတစ်ရာ မရရှိသေးကြောင်း ဒီဇင်ဘာ ၁၄ ရက်က ပြောကြားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ယခင်လေဟာပြင်ဈေးနေရာ၌ ဆောက်လုပ်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ကျပ်သိန်း ၄၀ ကျော် ကုန်ကျခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်ပြီးစီးခဲ့သည့် အားဖြည့်ကွန်ကရစ်စနစ်ဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ကြောင်း၊ ရန်ကုန်ပြည် သူ့ဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး ဖြစ်သော်လည်း လက်ရှိအသုံးပြုနေ သည့် ကုတင် ၁၃၅၀ ရှိကြောင်း၊ ဆေးရုံကြီးတွင် အထူးပြုဘာသာရပ်ဆိုင်ရာဌာန ၂၅ ခု အရေးပေါ်လူနာ လက်ခံဌာန ခုနစ် ခုရှိကြောင်း သိရသည်။

Ref: Eleven Media Group

No comments:

Post a Comment