Wednesday, December 19, 2012

 ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဖွင့်လှစ်လိုက်သည်

 ha-19-12-4
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့စဉ်
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့ကို ဆက်သွယ်ထား သည့်  ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ခန့်က ဖွင့်လှစ်ခဲ့ကြောင်း  သတင်းရရှိသည်။

အဆိုပါတံတားအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ ရန်ကုန်တိုင်း တိုင်းဒေသကြီး ၀န်ကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ha-19-12-5
 ဖွင့်လှစ်ခဲ့သည် ဘေလီတံတားအသစ် ငမိုးရိပ်တံတား (ပါရမီ) (ဘယ်)နှင့် ယခင်ဘေလီတံတားအဟောင်း (ညာ)တို့ကို တွေ့ရစဉ်

ဘေလီတံတားအဟောင်းမှာ ကျဉ်းမြောင်းပြီး တံတား၏ ယာဉ်သွားလမ်းမှာ တစ်ဖက်တစ်လမ်းစီသာ ရှိခြင်းကြောင့် ယာဉ်သွားလာမှု ပမာဏနှင့် မလုံလောက်တော့ခြင်းကြောင့် ဘေလီတံတားအသစ် ငမိုးရိပ်တံတား (ပါရမီ)ကို ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။ တံတားအား ယခုနှစ်စက်တင်ဘာလအတွင်းက တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခွင့် ပေးခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှသာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘေဘီတံတားအသစ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမှ တောင်ဥက္ကလာပမြို့နယ်သို့ အ၀င်အတွက် အသုံးပြုခွင့်ပေးထားပြီး ယခင်ဘေလီတံတား အဟောင်းကိုမူ တောင်ဥက္ကလာမြို့နယ်မှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်သို့ ပြန်အ၀င်အတွက် အသုံးပြုခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ဘေလီတံတားအဟောင်းကို  ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဘေလီတံတားအသစ်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ယခုတံတားမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပထမဆုံးဆောက်လုပ် ဖွင့်လှစ်သည့် တံတားဖြစ်ကြောင်း သိရသည်။

ငမိုးရိပ်တံတား (ပါရမီ) နှင့် ပတ်သက်သည့် အချက်အလက်များ
တံတားအမျိုးအစား- သံကူကွန်ကရစ်
ယာဉ်သွားလမ်း- ၂ လမ်းသွား
လမ်းအကျယ်- ၄၀ ပေ(လူသွားစလက်ဖောင်း ၁၂ပေ၊ ယာဉ်သွားလမ်း ၂၈ပေ)
တံတားအရှည်- ၆၀၀ ပေ
တံအားခံနိုင်ဝန်- ၇၅ တန်
တံတားအောက်ရေလမ်းလွတ်အမြင့်- ၁၀ ပေ ၆ လက်မ
တံတားအုတ်မြစ်- ဘိုးပိုင် ဖောင်ဒေးရှင်း

Ref: Eleven Media Group

No comments:

Post a Comment