မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းဘီလ်များကို Postpaid
စနစ်နှင့် Prepaid စနစ်ဟူ၍ နှစ်မျိုး ခွဲခြားကောက်ခံလျက်ရှိပြီး အဆိုပါ
စနစ်နှစ်မျိုးအနက် Postpaid စနစ်ဖြင့် ဘီလ်ပေးဆောင်သည့်
မိုဘိုင်းဖုန်း များသာ နိုင်ငံခြားတိုင်းပြည်များသို့
သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်ဟု အဆိုပါလုပ်ငန်းဌာနမှ
အကြီး တန်းအရာရှိတစ်ဦးက ပြောသည်။
“Prepaid စနစ် အသုံးပြုတဲ့ ဖုန်းတွေအတွက်က စမ်းသပ်နေတုန်းပဲ။
အေးဂျင့်တစ်ခုနဲ့ စမ်းသပ်နေတာ။ အသုံးပြုသူ
စိတ်ကြိုက်အသုံးပြုနိုင်ဖို့အတွက်တော့ လုပ်ပေးသွားဖို့ရှိတယ်” ဟု
အထက်ပါအရာရှိကပြော သည်။ မြန်မာ့ဆက်သွယ်လုပ်ငန်းအနေဖြင့် ရန်ကုန်နှင့်
မန္တလေးမြို့ရှိ မိုဘိုင်းဖုန်းများကို Postpaid မှ Prepaid စနစ်သို့
ကူးပြောင်းအသုံးပြုရန် ညွှန်ကြားလိုက်သည့်နောက်ပိုင်း Prepaid အသုံးပြုသူအရေအတွက်သည် Postpaid အသုံးပြုသည့် အရေအတွက်ထက် ကျော်လွန်သွားခဲ့သည်ဟု
သိရသည်။
အသုံးပြုသူများ အနေဖြင့် ဆက်သွယ်ရေး၏ ညွှန်ကြားချက်အတိုင်း Prepaid
စနစ်သို့ ကူးပြောင်းအသုံးပြု လိုခြင်းမရှိခဲ့ပါက ဘဏ်များနှင့် ချိတ်ဆက်၍
အွန်လိုင်းမှတစ်ဆင့် ဘီလ်ပေးဆောင်နိုင်သည့်စနစ်သို့
ကူးပြောင်းအသုံးပြုနိုင်သည်ဟု သိရသည်။ “ဘဏ်နဲ့က အလုပ်ရှုပ်တယ်လေ။
အဲဒါကြောင့် Prepaid စနစ်ကိုပဲ ပြောင်းပြီးသုံးလိုက်တယ်” ဟု Prepaid
စနစ်သို့ ကူးပြောင်းအသုံးပြုခဲ့သူ ကိုမင်းသူကပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းများကို
နိုင်ငံခြားတိုင်းပြည်များနှင့် အပြန်အလှန် ချိတ်ဆက်၍
သယ်ဆောင်အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
Inbound စနစ် နှင့် outbound စနစ်ဟူ၍ ခွဲခြားဆောင်ရွက်ခဲ့သည်ဟု သိရသည်။
နိုင်ငံအချို့မှ မိုဘိုင်းတယ်လီဖုန်းများ ကို ပြည်တွင်းသို့ Inbound
စနစ်ဖြင့် သယ်ဆောင်အသုံးပြုခွင့်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
Outbound စနစ်ဖြင့် ပြည်တွင်းမှ ဂျီအက်စ်အမ်တယ်လီဖုန်းများကို
ပြည်ပနိုင်ငံအချို့သို့ သယ်ဆောင်အသုံးပြုနိုင်ရန် စမ်းသပ်နေသည်ဟု သိရသည်။
No comments:
Post a Comment