Wednesday, November 14, 2012

CIGS နည်းပညာအသုံးပြု ဆိုလာပြားများ ဈေးကွက်အတွင်း စတင်ဝင်ရောက်

 

CIGS နည်းပညာသုံး AxunTek အမှတ်တံဆိပ် ဆိုလာပြားများ ပြည်တွင်းဈေးကွက်အတွင်းသို့ ၀င်ရောက်လာကြောင်း သိရသည်။ အဆိုပါ ဆိုလာပြားများမှာ နေရောင်ခြည် အပြည့်အ၀မဟုတ်သည့် သာမန်အလင်းအရောင်အချိန်တွင်ပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရသည်။

AxunTek အမှတ်တံဆိပ် ဆိုလာပြားများကို Taiwan နိုင်ငံမှထုတ်လုပ်ထားပြီး အကြမ်းခံနိုင်စွမ်းရှိကြောင်း သိရသည်။ “AxunTek အမှတ်တံဆိပ် CIGS နည်းပညာအသုံးပြု ဆိုလာပြားက လူတစ်ယောက်အပေါ်က တက်နေလို့ရပါတယ်။ သာမန်လူတစ်ဦးရဲ့ အလေးချိန်ကိုတောင် ခံနိုင်စွမ်းရှိပါတယ်။ CIGS ဆိုတာက Compoud of Copper, Indium Gallium, Selenium စတဲ့သတ္တုတွေကို အသုံးပြုထားတာဖြစ် ပါတယ်။ နေ့အချိန်မှာ နေရောင်ခြည်နည်းပါး (မိုးအုံ့ချိန်) နေတယ်ဆိုရင်လည်း နေရောင်ခြည်ရတဲ့ ပမာဏအလိုက် စွမ်းအင်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုနေရောင်ခြည်နည်းပါးချိန်တွေမှာပါ
ထုတ်ပေးနိုင်စွမ်းရှိတဲ့အတွက် သာမန်ဆိုလာပြားများထက် ၁၅ ရာခိုင်နှုန်း လျှပ်စစ်အား ပိုမိုထုတ်ပေးမှာဖြစ် ပါတယ်။” ဟု POLY ICE ကုမ္ပဏီမှကျွမ်းကျင်သူတစ်ဦးက ရှင်းပြသည်။

 “လျှပ်စစ်အားရရှိမှုနည်းပါးတဲ့ နယ်မြို့တွေမှာ ဆိုလာစနစ်အသုံးပြုမှု တွင်ကျယ်လာမယ်ဆိုရင်တော့ တိုးတက်မှုက မြို့ကြီးများနည်းတူ အဘက်ဘက်ကနေ တိုးတက်လာမယ်လို့ ယူဆပါတယ်” ဟု POLY ICE ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဆိုလာစနစ် အသုံးပြုလိုသူများအနေဖြင့် System အလိုက်ဖြစ်စေ၊ အချပ်လိုက်ဖြစ်စေ ၀ယ်ယူနိုင်မည်ဖြစ်သလို နယ်မြို့များမှ ဆိုလာစနစ် အသုံးပြုလိုပါက လည်း လိုက်လံတပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

 POLY ICE ကုမ္ပဏီမှ AxunTek အမှတ်တံဆိပ် Solar ပြားများအပြင်၊ ခရီးသွားရင်း Portable device များကို အားသွင်းနိုင်သည့် အသေးစား ဆိုလာစနစ် အားသွင်းစက်များ၊ ဆိုလာစနစ်နှင့် တွဲဖက် အသုံးပြုနိုင်သည့် ရေမော်တာများကို တင်သွင်းရောင်းချလျက်ရှိသလို၊ အကြီးစားဆိုလာစနစ်များအတွက် လည်း ၀န်ဆောင်မှုပေးလျက်ရှိသည်။ AxunTek အမှတ်တံဆိပ် Solar ပြားများမှာ Watt 40,Watt 50,Watt 60 ဆိုပြီး အမျိုးအစားသုံးမျိုးဖြင့် ၀င်ရောက်ကာ အာမခံကို နှစ် ၃၀ ပေးထားသည်။ ဆိုလာစနစ်အသုံးပြုပြီး အ၀ိစိတွင်းမှ ရေတင်ခြင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၈ ရက်နေ့နံနက် ၁၀ နာရီ ၃၀ အချိန်တွင် ပျိုးပင်/အလှပင် အရောင်းဆိုင်တန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရေတင်ခြင်းများကို ပြုလုပ်နိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုသူများ၊ ၀ယ်ယူလိုသူများနှင့် တစ်ဆင့်ပြန်လည် ရောင်းချလိုသူများအနေဖြင့် POLY ICE ကုမ္ပဏီ ဖုန်း ၅၂၆၃၀၆၊ ၀၉၅၀၅၆၆၆၄၊ ၅၃၅၃၄၇ သို့ဆက်သွယ်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment