Sunday, November 11, 2012

Barcamp Yangon 2013 ကို ဇန်န၀ါရီလ အတွင်း ကျင်းပသွားရန်ရှိ

Barcamp Yangon 2013 ကို လာမယ့်ဇန်န၀ါရီလ ၁၉ ရက်နဲ့  ၂၀ ရက်တို့မှာ ကျင်းပသွားဖို့ ရှိတယ်လို့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအင်ဖိုတက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါပွဲကျင်းပရေးဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။ အခုလို ကျင်းပမယ့် Barcamp Yangon 2013 ဟာ ဆိုရင် စတုတ္တအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ကျင်းပပြီးခဲ့တဲ့ Barcamp Yangon 2012 ကိုတော့ ပြည်တွင်း၊ ပြည် ပမှ တက်ရောက်ခဲ့သူပေါင်း ငါးထောင်ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။


ထပ်မံကျင်းပသွားမယ့် Barcamp Yangon 2013 ကိုလည်း ယခင်နှစ်တွေနဲ့မတူဘဲ ထူးခြားတဲ့ အစီအစဉ်များစွာ ထည့်သွင်းကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါပွဲကျင်းပသွားတဲ့ အခါမှာလည်း Social Media နဲ့ပတ်သက်တဲ့အသိပညာများကို တက်ရောက်သူများ သိရှိစေဖို့ သက်ဆိုင်ရာ ပညာရှင်များနဲ့ ဟောပြောမှုများလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကျင်းပမယ့် Barcamp Yangon 2013 ကို တက်ရောက် လေ့လာလိုသူများအနေနဲ့ www.barcapmyangon.org ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ၂၀၁၂ ဒီဇင်ဘာလ တတိယပတ် မှစတင်ပြီး စာရင်းပေး သွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကျင်းပမယ့် Barcamp Yangon 2013 ကျင်းပရာမှာ အကြံပေး လိုသူများ အနေနဲ့လည်းwww.facebook.com/barcampyangon မှာ အကြံပြုမှုများ ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
 
 
 
Ref: MRTV 4

No comments:

Post a Comment