Sunday, November 11, 2012

HTC 8X ဈေးကွက်တင်ပြီ

 
တယ်လီဖုန်းအသုံးပြုသူများ မျှော်လင့်စောင့်စားနေသည့် HTC 8X သည် ယနေ့တွင် ဈေးကွက် တင်လိုက်ပြီဖြစ်သည်။ ဗြိတိန်အခြေစိုက် မိုဘိုင်းဖုန်းနှင့် အင်တာနက် ဘရော့ဘန်များ service provider လုပ်သည့် O2 ကုမ္မဏီနှင့် အွန်လိုင်း မိုဘိုင်းဖုန်း ဈေးဝယ်ဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် Three တို့တွင် မှာယူနိုင်ပြီဖြစ်သည်။

အသစ်ထွက် ရှိလာသည့် HTC 8X အသစ်အတွက် O2 တွင် ၀ယ်ယူပါက တစ်လလျှင် ၃၂ ပေါင်စတာလင်နှုန်းအရစ်ကျဖြင့် ၂နှစ်အတွင်း ပေးချေနိုင်ပြီး လစဉ် မိနစ် ၆၀၀ စာ အခမဲ့သုံးခွင့်နှင့်
စာလုံးများစိတ်ကြိုက်အသုံးပြုခွင့်တို့ပါဝင်ပြီး အချက်အလက်များ စုဆောင်းနိုင်သည့် ပမာဏမှာ 500 MB Memory အသုံးပြုနိုင်မည်ဖြစ်သည်။ HTC 8X ဖုန်းကိုပင် Three ထံမှဝယ်ယူပါက ၂၄ လအတွင်း တစ်လလျှင် စတာလင်ပေါင် ၂၉ အရစ်ကျ ပေးသွင်းရုံမျှဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Three ကုမ္မဏီမှဝယ်ယူသည့်အတွက် မိနစ်ပေါင်း ၅၀၀ အခမဲ့ပြောနိုင်ပြီး စာလုံးရေ ၅၀၀၀ အခမဲ့ရေး သားနိုင်မည်ဖြစ်သည်။


HTC 8X မိုဘိုင်းဖုန်းတွင် မှန်ဘီလူး megapixel ၈ ရှိသည့် ကင်မရာနှင့် ပိုပြီးကြည်လင်ပြတ်သားသည့် HD video ၊ 16 GB Memory တို့ပါဝင်ပြီး megapixel ၂.၁ ဖြင့် လျှပ်တစ်ပြက် ဗွီဒီယိုဖြင့် တယ်လီဖုန်းအပြန်အလှန်ခေါ်ဆိုနိုင်မည်ဖြစ်သည်။ super liquid crystal display မျက်နှာပြင်အကျယ် ၄.၃ လက်မရှိပြီး Nokia မြေပုံဆော့ဖ်ဝဲလ် ပါဝင်သည်။

Ref: MRTV 4

No comments:

Post a Comment