Thursday, November 8, 2012

မြန်မာဘောလုံးအသင်းသည် ဖီဖာ၏ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၈ နေရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိ

ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့် မြန်မာဘောလုံးအသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် ယခင်လထက် အဆင့် ၂၈ နေရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။

နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းသည် ရမှတ် ၁၄၉ မှတ်ဖြင့် ယခင်လ အဆင့်ရပ်တည်ချက် ၁၈၄ ထက် အဆင့်နှစ်ဆယ်ကျော် ခုန်တက်ကာ အဆင့် ၁၅၆ သို့ ရောက်ရှိလာသည်။ အရှေ့တောင်အာရှတွင် အဆင့်လေးနေရာ၌ ရပ်တည်လာခဲ့ကာ ယခုနှစ်ပိုင်း အတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်သည်။

ဒေသတွင်းနိုင်ငံများ၌ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၁၃၈၊ ဖိလစ်ပိုင်အသင်းက ၁၄၃၊ ထိုင်းအသင်းက ၁၄၆၊ မလေးရှားအသင်းက ၁၆၃၊ စင်ကာပူအသင်းက ၁၆၃၊ အင်ဒိုနီးရှားအသင်းက ၁၆၅၊ လာအိုအသင်းက ၁၇၉၊ ဘရူနိုင်းအသင်းက ၁၈၇၊ တီမောအသင်းက ၁၈၇၊ ကမ္ဘောဒီးယားအသင်းက အဆင့် ၁၉၁ တို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

ဆူဇူကီးဖလားခြေစစ်ပွဲဝင်အသင်းများထဲမှ ကမ္ဘောဒီးယားအသင်းတစ်သင်းသာ ယခင်လထက် အဆင့် နှစ် ဆင့်လျော့ကျသွားပြီး အရှေ့တောင်အာရှနိုင်ငံများတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ လာအို၊ ဘရူနိုင်း၊ တီမောအသင်းများသည်လည်း ယခင်လထက် အဆင့်တစ်ဆယ်ကျော် မြင့်တက်လာခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း၏ အဆင့်နှစ်ဆယ်ကျော် မြင့်တက်မှုမှာ ယခုလအတွင်း ဒေသတွင်းနိုင်ငံများထဲ၌ အများဆုံးဖြစ်သည်။

လာမည့် ဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရလဒ်များကောင်းမွန်ပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။

Ref: 7Day News Journal

No comments:

Post a Comment