အမေရိကန် သမ္မတယာဉ်တန်းအား တွေ့မြင်ရစဉ်
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့ (၂၀၁၂၊ နိုဝင်ဘာ ၁၉ ရက်) နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာ ခဲ့ပြီး အိုဘားမားနှင့်အဖွဲ့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်တို့ လာရောက်ကြိုဆိုခဲ့ ကြကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာ ခဲ့ပြီး အိုဘားမားနှင့်အဖွဲ့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်တို့ လာရောက်ကြိုဆိုခဲ့ ကြကြောင်း သိရသည်။

အမေရိကန် သမ္မတယာဉ်တန်းအား တွေ့မြင်ရစဉ်
သမ္မတ အိုဘားမားနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ ၀န်းကျင်တွင်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင်
တွေ့ဆုံနေကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံပြီးပါ က တက္ကသိုလ်ရိပ်သာလမ်းရှိ
အမေရိကန်သံရုံးသို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဒေါ်အောင် ဆန်းစုကြည်၏
နေအိမ်သို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမည်
ဖြစ်သည်။
ယနေ့ အမေရိကန်သမ္မတ အိုဘားမား၏ခရီးစဉ်တစ်လျှောက် မြန်မာပြည်သူအများအပြားက ကြိုဆိုခဲ့ ကြကြောင်း သတင်းရရှိပါသည်။
Ref: Eleven Media Group
No comments:
Post a Comment