Sunday, November 11, 2012

Apple ဖုန်းတွင် စွယ်စုံသုံး ဆော့ဝဲလ် အသုံးပြုနိုင်တော့မည်

မိုဘိုင်းဖုန်းတွင် ထည့်သွင်းအသုံးပြုနိုင်သည့် Gothere Myanmar စွယ်စုံသုံးဆော့ဝဲလ် အားလာမည့် ၂၀၁၃ ခုနှစ်တွင်း Apple ထုတ်ကုန် IOS ဗားရှင်းများ၌ စတင်အသုံးပြုနိုင်တော့မည်ဟု သိရသည်။ အဆိုပါဆော့ဝဲလ်အား လက်ရှိတွင် အန်းဒရွိုက်ဖုန်းများ၌ ထည့်သွင်းအသုံးပြုနိုင်ပြီး www.go-there-myanmar.com တွင် အခမဲ့ရယူအသုံးပြုနိုင်သည်။
သို့သော် Phone GPS system (တည်နေရာရှာဖွေခြင်း) တွင် အဆိုပါဆော့ဝဲလ်သည် အနည်းငယ်လွဲချော်မှုတချို့တော့ရှိသည်။
မိုဘိုင်းဖုန်းများတွင် ကြော်ငြာထည့်သွင်းသူ လုပ်ငန်းရှင်များအတွက်လည်း အခမဲ့ကြော်ငြာခြင်းနှင့် အခကြေးငွေပေး premium ပုံစံနှစ်မျိုးရှိသည်ဟု ၄င်းကုမ္ပဏီမှ ပရောဂျက်မန်နေဂျာကို မိုးသန့်ဦးက ဆိုသည်။ “လိပ်စာ၊ ဖုန်းနံပါတ်မျိုးဆိုရင် အလကားကြော်ငြာပေးပါတယ်။ စာတိုပုံစံမျိုးပေးပို့ချင်တဲ့ လုပ်ငန်း ရှင်တွေကတော့ ဖုန်းအလုံးရေပေါ်မူတည်ပြီး ကျသင့်သွားမှာပါ”ဟု ၄င်းကဆက်ပြောသည်။
ယင်းဆော့ဝဲလ်တွင်းရှိ ဖုန်းရှာဖွေခြင်းစနစ်မှာ ဖုန်းအတွင်းအင်တာနက် အမြဲတစေဖွင့်ထားရန် မလိုအပ်ပဲ တိကျသေချာသော လျှို့ဝှက်နံပါတ် ထည့်သွင်းရုံဖြင့် တည်နေရာကို အလွယ်တကူရှာဖွေနိုင်မည်ဟု ဆိုသည်။ အထက်ပါမိုဘိုင်းဖုန်းတွင်းသုံးစွယ်စုံဆော့ဝဲလ်အား ယခုနှစ်၊ သြဂုတ်လတွင် စတင်အသုံးပြုနိုင် ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းရှိဖုန်းသုံးစွဲသူ ၁၀ ရာခိုင်နှုန်းခန့်အသုံးပြုလျှက်ရှိသည်။

Ref: သုတလင်း (Popular Myanmar News Journal)

No comments:

Post a Comment