Thursday, November 8, 2012

ချွေးအလွန်အကျွံထွက်ခြင်းကို ဘယ်လို ကုသမလဲ

ချွေးအလွန်အကျွံထွက်ခြင်း ဆိုတာကတော့ အေးနေတဲ့အချိန်နဲ့ အနားယူနေစဉ်မှာ ချွေးများ ထွက်နေခြင်းဖြစ်ပါတယ်။
ချွေးအလွန်အကျွံထွက်ခြင်းဟာ ချွေးဂလင်းအိတ် အလုပ်လုပ်မှုများတဲ့သူတွေမှာ ဖြစ်တတ်ပြီး အခြားသော ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဥပမာ- စိတ်လှုပ်ရှားခြင်း၊ နှလုံးရောဂါ၊ သွေးဆုံးခြင်း (သို့မဟုတ်) ကင်ဆာရောဂါခံစားနေရသူတွေမှာလည်း ဖြစ်တတ်ပါတယ်။
ထိုကဲ့သို့သောသူများအတွက် ဆရာဝန်များဟာ မကြာခဏ အလူမီနီယမ်ကလိုရိုက်ပါဝင်တဲ့ ချွေး နံ့ပျောက်ဆေးကို အသုံးပြုဖို့ ညွန်ကြားလေ့ရှိကြပါ တယ်။

Anticholinergic Drugs ကဲ့သို့သောဆေးဝါးများဟာ ချွေးဂလင်းများအား လှုံ့ဆော်မှုကို ကာကွယ်ပေးနိုင် တာကြောင့် အဆိုပါဆေးဝါးများကိုလည်း ဆရာဝန်များက ညွှန်ကြားလေ့ရှိပါတယ်။
ဒါပေမယ့် ထိုဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးကတော့ အာခေါင်ခြောက်ခြင်း၊ မူးဝေခြင်း၊ ဆီးသွားရတာ ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ Iontophoresis ဆိုတဲ့နည်းလမ်းကတော့ လျှပ်စစ်ဓာတ်ကို အသုံးပြု ပြီး ချွေးဂလင်းများကို ယာယီပိတ်ဆို့သွားစေကာ ချွေးထွက်လွန်ခြင်းပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ အရေးအကြောင်းပျောက်စေတဲ့ Bot-ox ထိုးဆေးကို အသုံးပြုပြီး ချိုင်းချွေးအလွန်အကျွံထွက်ခြင်းပြဿနာကို ဖြေရှင်းနိုင်ပေမယ့် အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ထိုးပါက ထိုအစိတ်အပိုင်း ရှိ ကြွက်သားများ အင်အားချည့်နဲ့ သွားပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။
ဒါ့ကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ချွေးအလွန်အကျွံထွက်ခြင်း အခြေအနေကို စနစ်တကျ ကုသသင့်ပါတယ်။
Ref: Medicine.net

No comments:

Post a Comment