Wednesday, November 7, 2012

ညအချိန်တွင် ကားပြိုင်မောင်းနေသူများနှင့် တုတ်၊ ဓား လက်နက်ပုန်းများ သယ်ဆောင်ပြီး သွားလာနေသည့်ယာဉ်များကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စီမံချက်ဖြင့်စစ်ဆေးအရေးယူမှုစတင်

thn-7-11-7
 နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အလံပြဘုရားလမ်း ကျောက်တိုင်ကားမှတ်တိုင်အနီးတွင် ယာဉ်ပိတ်ဆို့စစ်ဆေးနေစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညအချိန်တွင် ကားပြိုင်မောင်းနေသူများနှင့်တုတ်၊ ဓားစသည့် လက်နက်ပုန်း များ သယ်ဆောင်ပြီး သွားလာနေသော ယာဉ်များကို ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် အထူးစီမံချက်ချမှတ်ကာ စတင်အရေးယူနေပြီဖြစ်ကြောင်း  ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ညပိုင်းအချိန်များတွင် ကားပြိုင်မောင်းနှင်နေသူများ အများဆုံးမောင်းနှင်နေ သည့် နေရာများတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့များခွဲပြီး စောင့်ကြည့်ဖမ်းဆီးသွားမည်ဖြစ်ပြီး တုတ်၊ ဓားစသည့်လက်နက်ပုန်းများ သယ်ဆောင်ပြီး သွားလာနေသောယာဉ်များကို ပိတ်ဆို့စစ်ဆေးပြီး အရေးယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ''အခု ကားပြိုင်မောင်းနေတဲ့ အုပ်စုတွေနဲ့ လက်နက်ပုန်းတွေသယ်ဆောင်ပြီးသွားလာနေတဲ့ ယာဉ်တွေကို အထူး စီမံချက်အနေနဲ့ ချမှတ်ပြီးတော့ ဖမ်းဆီးအရေးယူနေပါပြီ။ ရန်ကုန်မြို့ညပိုင်းအချိန်တွေမှာ ကားပြိုင်မောင်းနေတဲ့ နေရာတွေဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ ပြည်လမ်းတစ်လျောက်ကို အဖွဲ့တွေ ခွဲပြီးတော့ စောင့်ကြည့်စစ်ဆေးပြီးတော့ ဖမ်းဆီးသွားပါမယ်။ တချို့ဖြစ်စဉ်တွေကို ချက်ချင်းဖမ်းဆီး အရေးယူသွားမယ်။ တချို့ဖြစ်စဉ်တွေကိုတော့ မှတ်သားပြီးဖမ်းဆီးသွားပါမယ်၊၊ အဲဒီကားတွေက လိုင်စင်မဲ့ ယာဉ်တွေဖြစ်ခဲ့ရင် လိုင်စင်မဲ့ဥပဒေနဲ့ ထပ်မံအရေးယူသွားပါမယ်။ ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းမှာ ပူးပေါင်းအဖွဲ့တွေက ယာဉ်ပိတ်ဆို့စစ်ဆေးမှုတွေကို အမြဲပြုလုပ်သွားပြီးတော့ လက်နက်ပုန်းတွေ သယ်ဆောင်သွားလာနေတဲ့ ယာဉ်တွေတွေ့ရင်လည်း အရေးယူသွားပါမယ်''ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အထူးစီမံချက်ဖြင့် စစ်ဆေးအရေးယူမှုကို နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်အတွင်း ကားပြိုင်မောင်းနေသူများကို က.ည.န၊ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ် ထိန်း၊ မ.ထ.သ၊ စည်ပင်စသည့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့ဖွဲ့ စည်းပြီး အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုပါသည်။
ယင်းကဲ့သို့ ညပိုင်းအချိန်များတွင် ကားပြိုင်မောင်းနေသူများကို ယခင်ကလည်း အရေးယူမှုများရှိသော်လည်း ထိရောက်စွာ ဆောင် ရွက်နိုင်ခြင်းမရှိခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ယခုရက်ပိုင်းအတွင်း ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ် နှင့်ကမာရွတ်မြို့နယ်တို့တွင် ကားပြိုင်မောင်း သူများက အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းရိုက်နှက်သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲစခန်းများမှ သိရှိရသည်။

No comments:

Post a Comment