Wednesday, November 14, 2012
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အရေးကြီးစစ်ဆေးတွေ့ရှိချက်အဖြစ် ၀န်ကြီးဌာန ၁၅ ခုတွင် အလွဲသုံးစားမှု၊ မရိုးဖြောင့်မသမာသော သဘောဖြင့် ဆောင်ရွက်မှုကြောင့်  နိုင်ငံတော်မှနစ်နာဆုံးရှုံးမှု ၄၇ မှု၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်းငါးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာနှစ်သိန်း ကျော်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေပေးထားသော ဘဏ္ဍာငွေများအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ထူးခြားသောစစ်ဆေးပေါ်ပေါက်ချက်များနှင့် အရေးယူဆောင်ရွက်ချက်များအရ စာရင်းစစ်ချုပ်ရုံးအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း ၂၅ ခုမှ အရေးကြီးသောစစ်ဆေးတွေ့ရှိချက် (စာရင်းစစ်ကန့်ကွက်ချက်) ပါ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်း ရမည့်ငွေများ အပြည့်အ၀ပြန်လည်ပေးသွင်းခြင်း၊ တာဝန်ရှိသူများကို အရေးယူမှုပြုလုပ်ခြင်း၊ ကြပ်မတ် ထိန်းသိမ်းမည့် အစီအမံများပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍ ၀န်ကြီးဌာန ၁၅ ခု ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း ၄၇ ခုတို့၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေကျပ်သန်း ၅၈၃၉၈ ဒသမ ၈၁၀ နှင့် အမေရိကန်ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁၀ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါငွေများအနက် ကျပ်သန်း ၁၇၄၂၆ ဒသမ ၇၇၂ နှင့် အမေရိကန်ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉၀ မှ ပြန်လည်ပေးသွင်း ပြီးကြောင်း၊ ပေးသွင်းရန်ကျန်ရှိငွေမှာ ကျပ်သန်း ၄၀၉၇၂ ဒသမ ၀၃၈ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသ မ ၀၂၀ ရှိကြောင်း သိရသည်။
ယင်းပေးသွင်းရန် ကျန်ရှိငွေမှ  ကျပ်သန်း ၄၀၈၂၈ ဒသမ ၁၂၂ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀ တို့မှာ ပုဂ္ဂလိကထံမှရရန် အကြွေးများဖြစ်ပြီး ၀န်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစားမှုကြောင့် နိုင်ငံတော် သို့ ပြန်လည်ပေးသွင်းရမည့်ငွေမှာ ကျပ် သန်း ၁၄၃ ဒသမ ၉၁၆ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သို့ ပေးသွင်းရမည့် ပုဂ္ဂလိကထံမှ ရရန်အကြွေးမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃ ဒသမ ၇၀၇ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀၊  ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၄၈၁၅ ဒသမ ၀၀၀၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၈၈ ဒသမ ၄၆၅ နှင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကျပ် သန်း ၂၇၀ ဒသမ ၉၅၀ တို့ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစားမှု နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့် ငွေကျပ်သန်း ၁၄၃ ဒသမ ၉၁၆ တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၁၇ ဒသမ ၇၀၁၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ကျပ် သန်း ၇ ဒသမ ၁၅၈၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကျပ်သန်း ၁၉ ဒသမ ၀၅၇ တို့ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့သော ၀န်ကြီးဌာန ၁၅ ခုမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြန် ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနတို့ ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ပြည်ထောင်စုစာရင်း စစ်ချုပ်ဦးသိန်းထိုက်က ထိုသို့တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ဦးသိန်းထိုက်သည် ယခင်က သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဌာနသည် လက်ရှိတွင် ဌာန၏အလွဲသုံးစားမှုသတင်းကိုဖော်ပြခဲ့သည့် ပြည်တွင်းထုတ် ဂျာနယ်တစ်ခုဖြစ်သော The Voice  ဂျာနယ်နှင့် တရားရင်ဆိုင်လျက်ရှိသည်။
ဝန်ကြီးဌာနအလိုက် ထူးခြားသောငွေကြေးဆိုင်ရာပေါ်ပေါက်ချက်များ
No comments:
Post a Comment